"ဂျီလေး ဂျီလေး"
ချော့တဲ့ကလေးကပိုငိုတယ်ဆိုတာဒီလိုမျိုးပေါ့ခုနကထိ တိတ်တိတ်လေး
အဟင့်အဟင့်လုပ်နေတာTaeလည်းခေါ်လိုက်ရော...
ဗြဲ....အူဝါးးး ဗြဲ....
"ဟမ် ဂျီလေးမငိုရဘူးလေ ဘာလို့လဲ ဘာလို့ငိုတာလဲ"
"မောင်ကငါ့ကိုအော်တယ် ပြီးတော့ Park Jiminလို့လဲခေါ်တယ် အူဝါး...ဗြဲ"
"ဟမ် အော်တာစာမလုပ်လို့စိတ်ပူလို့အော်မိတာပါကွာ နာမည်ခေါ်လိုက်တာလဲ အဲ့တာဂျီလေးနာမည်ပဲမဟုတ်လား"
"မတိဝူး ဟင့်ဟင့် မောင်က နာ့ကိုအော်တယ် မောင်မကောင်းဘူး OmmaရေOmma"
ငိုကလည်းငို ပြန်ကလည်းရန်တွေ့ချင်နေတော့စကားတွေတောင်မပီတော့ဘူး
"ရှူးးဂျီလေးမအော်ရဘူးလေ Ommaတို့ကြားကုန်မယ်လေ"
"ကြားအောင်အော်တာပဲလေ မောင်ကငါ့ကိုအနိုင်ကျင့်တယ် မကောင်းဘူးကျောင်းကပြန်လာတုန်းကလဲငါ့ကိုအော်သေးတယ်အခုလဲအော်တယ် OmmaရေKim Omma"
"ရှူးရှူးတိတ်ပါတော့မောင်မှားပါတယ်ဟုတ်ပြီလား မအော်ပါနဲ့တော့"
"ဟင့် မောင်ကဘာလို့အော်ရတာလဲ ဂျီလေးကဘာလုပ်မိလို့လဲ"
"အဲ့တာကလား အဲ့တာက..."
"ကလေးတွေဘာဖြစ်နေတာလဲ အို...သားဂျီဘာလို့ငိုထားတာလဲ သားထယ်ကအနိုင်ကျင့်လို့လားပြော Kim Ommaကိုပြော Ommaရိုက်လိုက်မယ်"
"ဟင့် မဟုတ်ပါဘူး ထယ်လေးကဘာမှမလုပ်ပါဘူး Kim Omma"
"အဲ့တာဆို သားဂျီကဘာလို့ငိုနေရတာလဲ"
"အဲ့တာက"
"Ommaရယ် ဂျီလေးကဘာမှမဖြစ်ပါဘူး စာမေးပွဲပြီးရင်သူငယ်ချင်းတွေနဲ့ခွဲရတော့မှာကိုတွေးပူပြီဝမ်းနည်းနေတာ နော် ဂျီလေး"
"အွန်းအွန်း အဲ့တာကြောင့်ပါKim Omma ဟီးးး"
"ဘာများဖြစ်လို့လဲလို့သားဂျီရယ် ရန်ဖြစ်ရင်နှစ်ယောက်လုံးမလွယ်ဘူးနော်"
YOU ARE READING
~~~ မူပိုင်~~~ (Completed)
Part 6
Start from the beginning