"အော် နောက်နှစ်ကျောင်းပြန်တက်ရင်တွေ့ရမှာပဲကို"

"ဒါပေမဲ့ကျောင်းကပိတ်အုံးမှာလေကွာ အဲ့ဒီကြားထဲတချို့အရာတွေကပြောင်းလဲသွားနိုင်တယ်မဟုတ်လား"

"အဲ့တာကတွေးပူမနေနဲ့ ငါတို့နီးနီးလေးလေးလာလည်လို့လဲရတာပဲကိုမင်းကလည်း"

"Seokလေးကရော"

"ငါလည်းတခါတလေလာလည်မှာပေါ့ကွ"

"အင်း ကတိနော်"

"အေးဆို လာလာစားရအောင် ပြီးရင်စာပြန်နွှေးရအုံးမယ်"

"အွန်း"

တစ်ချို့လူတွေကနေ့တိုင်းတွေ့နေရပေမဲ့တစ်ချို့လူတွေကမတွေ့ရတော့ဘူးလေအဲ့လိုပြောင်လဲသွားမဲ့ထဲမှာတစ်ချို့
သံယောဇဥ်တွေပါသွားမှာလဲကြောက်ကြသည်မဟုတ်ပါလား..

တောင် တောင်

"ဝင်ရတော့မယ်သေချာဖြေကြနော်"

"အင်း"

"ဂျီလေးသေချာဖြေနော် စိတ်လှုပ်ရှားမနေနဲ့အုံး"

"အင်းပါ ထယ်လေးလဲသေချာဖြေနော်"

"အွန်း"

"Seokလေးစိတ်လှုပ်ရှားနေသေးလား"

"နည်းနည်းပါ"

"နည်းနည်းတောင်စိတ်လှုပ်ရှားမနေနဲ့ဖြေနိုင်မှာပါ စိတ်လှုပ်ရှားနေရင်ငါ့ရဲ့ကျောပြင်ကိုကြည့်လိုက်"

"အဲ့လိုဆိုစိတ်မလှုပ်ရှားတော့ဘူးလား"

"မသိဘူးလေ ဟီးး"

"မင်းကတော့"

ဂျီလေးဖြေနိုင်ပါ့မလား ဖြေနိုင်မှာပါငါ့ဂျီလေးကစာတော်ပြီးသားပဲလေ

စာတွေကထယ်လေးပြောထားတဲ့အတိုင်းပါလာတာပဲငါမရတာတစ်ပုဒ်ပဲပါတယ်
ဟီးဟီး ဒီနှစ်လဲအမှတ်ကောင်းပေအုံးတော့မည်...

Joonကဖြေနေလိုက်တာက ငါ့ကိုတောင်
လှည့်မကြည့်ဘူး သူ့နောက်ကျောကြီး
ကြည့်ပြီးငါကဘာလုပ်မှာလဲ မျက်နှာဆိုတော်သေးတာပေါ့

~~~ မူပိုင်~~~ (Completed)Wo Geschichten leben. Entdecke jetzt