ဝမ်းဗိုက်ပိုင်းကို သားရေခါးပတ်နှင့်အားကုန်လွှဲရိုက်ချလိုက်သည့် ရိုက်ချက်ကြောင့် နဂိုနာကျင်နေသည့် ခန္ဓာကိုယ်ဟာ ကွေးကျသွားလုနီးပါး၊ အသည်းခိုက်မတတ်နာကျင်ခံစားရသည်။
သံတုတ်နဲ့အရိုက်ခံထားရသောကြောင့် မူးနောက်ရီဝေနေသည့်ခေါင်းဟာလဲ ချာလပတ်ရမ်းနေအောင်မူးနောက်ပြီး တစ်ဆစ်ဆစ်နှင့်နာကျင်နေပြန်သည်။သူ့ရှေ့မှာ သတ်ချင်ဖြတ်ချင်နေသည့် မျက်ဝန်းတွေနှင့် ဒေါသဟုန်းဟုန်း ထနေသည့် ဉီးကောင်းမြတ်ကိုတောင် သူ ခေါင်းထောင်မကြည့်နိုင်ဘူး ။
သူထင်တယ် အခုချိန်ဉီးကောင်းမြတ်ရဲ့ရုပ်က အတော်အကြည့်ရဆိုးနေမယ်ဆိုတာ...

"ရွှမ်း!!..."

ဝမ်းဗိုက်ကအရေပြားမှစိမ့်ထွက်လာသည့်သွေးတွေကြောင့် ဝတ်ထားသည့်အဖြူတီရုပ်ကလေးကိုဖြတ်ကာ ခါးပတ်ရာအတိုင်း သွေးစီးကြောင်းက ဖြတ်စီးနေသည်ကို ခေါင်းငိုက်စိုက်ချထားရာမြှမင်နေရသည်။

"ရွှမ်း!!..မင်းကိုသတ်ပြစ်မယ်!! ရွှမ်း!!..မင်းပြောစမ်း!! ဘယ်လိုနည်းနဲ့သေချင်လဲဆိုတာ "

ဝမ်းဗိုက်ကိုရိုက်နေရာမှ အရှေ့တည့်တည့်သို့လာရပ်ကာ ခန္ဓာကိုယ်၏ နေရာအနှံကို လှည့်ပတ်ရိုက်သည်။

နာကျင်မှုဒဏ်ကြောင့် မျက်ဝန်းမှစီးကျလုနီးနီး မျက်ရည်တွေကို အံကျိတ်သိမ်းဆည်းရင်း မူးနောက်နေသည့် ခေါင်းကိုအားပြုကာ ခေါင်းထောင်ကြည့်လိုက်ရင်း မထီမဲ့မြင် အပြုံးတစ်ချက်ပြုံးပြရင်း ဉီးကောင်းမြတ်ကို ပိုလို့ဒေါသထွက်စေလိုက်သည်။

"အဟက်!..."

သူသိတာပေါ့... ဉီးကောင်းမြတ် ဒီလောက်နာကျင်အောင် အရိုးထဲစိမ့်နေအောင်နာကျင်ခံစားလာရအောင်အထိ သူ့လက်အားပြင်းပြင်း
နှင့်ရိုက်နှက်နေပေမယ့် မနာကျင်သလို ၊ မထီမဲ့မင်အပြုံးက ရိုက်နှက်နေသူကို အံ့အားသင့်စေသည်လေ...
ကိုယ်က နာကျင်အောင်ရိုက်နှက်နေသော်လည်း မနာကျင်သလိုပြုမှူတဲ့အခါ ဒေါသပိုထွက်ပြီး အလွဲလွဲအမှားမှားဖြစ်စေယုံသာမက လက်အားလဲလျော့စေသည်။

"မင်းကိုမှ ဒီနေ့မသတ်နိုင်ရင် ငါ့နာမည်
ကောင်းမြတ်မဟုတ်ဘူး!!"

Commando🍁(Complete)Where stories live. Discover now