Zawgyi
မနေ့ကညကတော့လူကမွှန်နေပြီး တံခါးကနေ အိပ်ခန်းဆီတန်းရောက်သွားတော့ ဘာကိုမှလဲသတိထားပြီးကြည့်မိမနေခဲ့တာ ၊အခုမှသေချာကြည့်မိတယ်၊ ညီ့Condoက သူ့Condoလောက်မကျယ်ပေမယ့် အိပ်ခန်းနှစ်ခန်း ၊ဧည့်ခန်းတစ်ခန်း မီးဖိုချောင်ခန်း ၊ရေချိုးခန်းအိမ်သာခန်းနဲ့ လူတစ်ယောက်စာအတွက်ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။
ခါးမှာသဘက်တစ်ထည်ပတ်ထားလျှက်နဲ့စားစရာတစ်ခုခုရှာဖို့ မီးဖိုခန်းထဲကရေခဲ့သေတ္တာကိုဖွင့်ကြည့်လိုက်တော့ ဘီယာဗူး ၊အချိုရည်ဗူးနဲ့ရေဗူးတွေသာတွေ့ပြီး ဗိုက်ပြည့်စေမယ့်ဘာအစားအစာမှရှိမနေဘူး ၊
ယောကျာ်းလေးတစ်ယောက်ထဲနေတာဆိုတော့ ဘာမှချက်ပြုတ်စားနေမှာမဟုတ်ဘူးဆိုတာကိုတစ်ချက်မေ့သွားတယ် ၊ ချက်ပြုတ်သာမစားတယ် အိုးခွက်အစုံရှိသည်၊သူသာ အားတဲ့ရက်တွေစိတ်ပျော်ရွှင်နေရင်ဖွယ်ဖွယ်ရာရာချက်စားတတ်တာလေ ၊အဲ့တော့ အနီးဆုံးမှာရှိတဲ့ Marketတစ်ခုခုကိုဈေးသွားဝယ်ရတော့မည်၊
ရေချိုးခန်းထဲဝင်ရေချိုးပြီး ညီ့အဝတ်ဗီရိုထဲက
T -shirtခဲရောင်နဲ့ ဘောင်းဘီတစ်ထည်ယူဝတ်ပြီး မနေ့ကချွတ်ထားတဲ့ဘောင်းဘီထဲကဆိုင်ကယ်သော့ကိုယူပြီး အောက်ကိုဆင်းခဲ့တယ်၊ ဆိုင်ကယ်နောက်ဖုံးထဲမှာအဆင်သင့်အမြဲထည့်ထားတဲ့ ငွေသားသပ်သပ်နဲ့ ကဒ်တစ်ကဒ်ကို ဘောင်းဘီထဲထိုးထည့်ပြီး ဆိုင်ကယ်စီးလို့ Marketကိုနှင်ရတော့သည်။ချက်ပြုတ်ဖို့အဆင်ပြေလောက်မယ့်အရွက်အသီးနဲ့အမဲသားတွေဝယ် ၊ဆန်ပါဝင်ဝယ်ခဲ့လို့ပြန်လာခဲ့ပြီးမီးဖိုခန်းထဲဝင်ကာချက်ပြုတ်ခြင်းအမှုကိုစတင်ကိုင်တွယ်ရတော့သည်။
🍁🍁🍁🍁🍁🍁🍁
🎶📱🎼Maybe We´re perfect stranger...
Maybe it´s not forever.....ကုတင်အောက်ပြုတ်ကျနေတဲ့Jacketထဲကဖုန်းကထမြည်တဲ့အသံစူးစူးကြောင့် အိမ်မက်ကမ္ဘာမှာလက်ပြစ်ကူးနေတဲ့ ညီစေဟာ ခေါင်းအုံးနဲ့နားကိုအုပ်ပြီးပြန်အိပ်နေလိုက်သည်။
အဆက်မပြတ်မြည်နေတဲ့ဖုန်းအရ သူမှထမကိုင်ရင်မပြတ်မြည်နေတဲ့အသံနဲ့ဆက်အိပ်လို့လဲမရတော့မှာသိလို့ ကုတင်ပေါ်ကနေ ခန္ဓာကိုယ်ကိုဇောက်ထိုးချပြီး အိတ်ထဲကဖုန်းကိုနှုတ်ယူလို့ခေါ်သူကိုကြည့်လိုက်တော့ "ထန်ထန်ထောင်ထောင်"ဆိုပြီးမှတ်ထားတဲ့ မင်းထက်၊
သိနေတယ် သိနေတယ် မင်းထက်ဘာအချိုး ချိုးတယ်ဆိုတာ.....
YOU ARE READING
Commando🍁(Complete)
RomanceZawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ #17.6.2021 #Nandar Myint Moh Unicode~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ(Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအ...