ချစ်သော ပို၍ချစ်သော {8} unicode

1.2K 52 0
                                    

ချစ်သောပို၍ချစ်သော ၈

ဆရီ့ ကျန်းမာရေးအတွက်အနားယူချင်တာကြောင့် ဂျွန့်ကိုခေါ်ပြီး မြစ်ကြီးနားဘက်ကိုခရီးခနထွက်လာသည်၊
�ဂျွန်ကတော့မာမီနဲ့ခရီးသွားရတာမို့ပျော်ရွှင်နေသည်။
မြစ်ကြီးနားရောက်တုန်းဂေဟာကိုသွားဖို့
ဂျွန့်ကိုတော့တည်းတဲ့ဟော်တယ်မှာပဲခနထားခဲ့ပြီးဆရီတစ်ယောက်တည်းထွက်လာခဲ့တယ်သားကိုကိုယ့်အတိတ်မသိစေချင်ဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်ထဲကအားလုံးကိုအဆက်အသွယ်ဖြတ်ခဲ့ပေမယ့်ဂေဟာကိုတော့ တိတ်တဆိတ်အမြဲထောက်ပံ့ခဲ့တယ်၊မာသာကြီးကလွဲရင်ဆရီ့အကြောင်းဘယ်သူမှမသိကြပေ။
ဪအရွယ်တော်တော်ရောက်တဲ့ထိမာသာကြီးနဲ့တွေ့တိုင်း
ပြေးပြီးဆီးဖက်နေကြအခုတော့ ကျွန်မတော်တော်ရင့်ကျတ်လာပြီထင်တယ်၊ပြောချင်တဲ့စကားလုံးတွေအများကြီးရှိပေမယ့်မပြောဖြစ်တော့ အလှူငွေပဲပေးပြီးပြန်ထွက်လာခဲ့တယ်။

"နင် နင် ဆရီနာမှတ်လား"
အတူကြီးပြင်းလာခဲ့တဲ့ ဆူဇန် ကသူမအားသေချာကြည့်ပြီးမေးလာတာ
"မဟုတ်ဘူး လူမှားနေပါတယ်"
"ဟုတ်ပါတယ် နင်က ဆရီနာရောင်အိုင် ပဲ"
"မဟုတ်ဘူးလို့ပြောနေတယ် မှတ်လား"
ဆရီမျက်လုံးပြူးကြည့်ပြီးပြန်ပြောတော့ကြောက်တတ်တဲ့ဆူဇန်ကတောင်းပန်ပါတယ်ဆိုပြီးထွက်ပြေးကော
ဒီမှာအကြာကြီးမနေချင်တော့သလိုဂျွန့်ကိုလည်းစိတ်မချဘူး၊ခပ်သွက်သွက်လျှောက်ရင်း ကလေးတစ်ယောက်နဲ့ဝင်တိုက်မိပီ
ကောင်မလေးကပြေးလာတာမို့ဆရီ့ကိုဝင်တိုက်ပြီး ထိုင်ရက်လဲကြ
"အို သမီး ရရဲ့လား ထ"
"တောင်းပန်ပါတယ် အန်တီ"
"ရပါတယ် အန်တီ့အမှားပါ
သမီးနာမည်ဘယ်လိုခေါ်လဲ"
"နှင်းလေးပါအန်တီ"

"နှင်းလေးတဲ့လား၊ဖြူစင်တဲ့ကလေးကိုလောကရဲ့မာယာတွေ၊မျက်နှာဖုံးစွပ်လူသားတွေကအလွတ်ပေးပါ့မလား "

"ရှင်"
နှင်းလေး နားမလည်စွာကြည့်နေတယ်
"ဘာတွေပြောနေမိပါလိမ့် သွားတော့ကလေး"
�ဆရီ့ကားလေးဂေဟာထဲကအထွက်ကွန့့်ကားကအဝင်�ဆရီကမမြင်ပေမယ့် ကွန်ကလှမ်းမြင်လိုက်တယ်။မင်းလည်းဒီဘဝကိုမမေ့နိုင်သေးဘူးမှတ်လား ဆရီ
-------------------------------------------------------------
"Ok thank "
ကွန် ဒေးဗစ်ဆီကဖုန်းလက်ခံရပြီး သူပို့တဲ့ ဖက်စ် � ကိုကမန်းကတန်းယူကြည့်ပြီး
ဆရီ ဆရီ ငါမင်းကိုဘယ်လိုနားလည်ရမလဲ
ငါမင်းကိုဘယ်လောက် ထိနားလည်ပေးရမလဲ၊ သူထင်တာတွေအမှန်ဖြစ်နေပြီ။
ကွန်ကဂျွန်နဲ့သူ သွေးသားရင်းစစ်ဆေးဖို့ အမေရိကားဆေးရုံကသူငယ်ချင်းဒေဗစ်ဆီအကူအညီတောင်းခဲ့တာ
ဂျွန့်ကိုစတွေ့ကထဲကသူ့စိတ်ထဲရင်းနှီးမှုကိုခံစားရတယ်၊နေဦးစီးသားမို့မုန်းချင်တာတောင်မုန်းမရဘူး၊ဂျွန့်အသက်အရွယ်ပြီးတော့ ဂျွန်ကသူနဲ့တူတာတွေများတာမို့ သူအခုလိုလျှိဝှက်ပြီးစစ်ကြည့်ခဲ့တာ
ဆရီနာ မင်းလုပ်ရက်တယ်။

ချစ်သော ပို၍ချစ်သော {Complete}Where stories live. Discover now