ချစ်သော ပို၍ချစ်သော {4} zawgyi

536 11 0
                                    

ချစ်သောပို၍ချစ်သော ၎

နာမည်က ကွန်
ဆေးကျောင်းသား ဆရီနာ နဲ့ဂေဟာမှာအတူကြီးပြင်းလာတာ
အခုလည်းသူတို့ကအတူနေချစ်သူတွေ!

သူစုံစမ်းခိုင်းလိုက်တာ မိုင်ဆောင်ရဲ့စကားအခွန်းတိုင်းကသူ့အသည်းတွေကိုပါးပါးမွှန်းနေသလိုပဲ
ကွန်လိုချာတိတ်ကဘယ်လိုမှသူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။
နေဦးစီးဆိုတဲ့သူ့ဘဝမှာ လိုချင်တာမရခဲ့တာဘာတစ်ခုမှမရှိဘူး
၊ငါ့သမိုင်းတော့မရိုင်းစေရဘူး သူလိုချင်တာဆရီနာဆိုရင်

"ရှင် "
အံ့သြခြင်း၊မယုံကြည်နိုင်ခြင်း၊ကြောက်ရွံခြင်းတွေနဲ့ပြည့်နှက်နေတဲ့ဆရီနာ
သူတို့အခုပြောတဲ့စကားတွေကိုသူမနားမလည်ခဲ့ရင်သိပ်ကောင်းမှာပဲ
သူမနဲ့အတူလုပ်တဲ့စီနီယာကငွေတွေယူပြီးထွက်ပြေးတာတဲ့။
အဲ့ငွေတွေကိုသူမသွားထုတ်ပေးခဲ့တာ၊ သွားဆိုလို့သွားခဲ့ပေမယ့် ဘာအတွက်မှန်းဘယ်နေရာမှာသုံးဖို့မှန်းသူမဘာမှမသိ သွားဆိုလို့သွားခဲ့ယုံပဲ ။
မျှော်လင်မထားတဲ့အခြေအနေတစ်ခုမှာဒီလောက်များပြားတဲ့ငွေတွေယူပြီးထွက်ပြေးတဲ့သူကပြေးသွားပြီ။ ဒါဆိုသူမကဘာလုပ်ကမလဲဒီငွေတွေဘဝတစ်သက်လုံးရှာဆပ်ရင်တောင်ကျေမှာမဟုတ်ဘူး။
မျက်ရည်ကြဖို့မေ့နေလောက်အောင်ကိုကြောက်ရွံ့ခဲ့တယ်။
သူမနာမည်နဲ့ထုတ်ခဲ့တာမို့သူမကအစစ်ဆေးခံရတော့မယ်ဘာမှမသိတဲ့အရာအတွက်

"ဆရီနာ "
"ကျွန်မ မယူပါဘူးရှင်
သူဌေးလည်းဒါကိုယုံကြည်ပေးပါ"

"စိတ်အေးအေးထားပါမင်းနဲ့ကိုယ်ဆွေးနွေးလို့ရမှာပါ"
"မချယ်ရီကိုရှာမတွေ့ရင်ကျွန်မအဖမ်းခံရမှာလား ဟင်."
"အကယ်၍ ဒါမင်းအပိုင်ဖြစ်လာရင်တော့အစစ်ဆေးခံစရာမလိုတော့ဘူးပေါ့"

"ဘာကိုဆိုလိုချင်တာလဲရှင်"
"မင်းသာကိုယ်နဲ့လက်ထပ်ခဲ့ရင်ပေါ့"

ဆရီနာ နေဦးစီး ရဲ့နှုတ်ထွက်စကားတွေကိုမယုံကြည်နိုင်စွာ။
ဒါကတကယ်တော့ကိုယ့်အတွက်တမင်တကာဆင်တဲ့ထောင်ချောက်တစ်ခုပါလား။ ဆရီနာ ရယ်ကျောချပြမှဓားပြမှန်းသိရအောင်နင်အဲ့လောက်ပဲတုံးခဲ့သလား။
နေဦးစီး ဆိုတာမင်းသားခေါင်းဆောင်းနဲ့ဘီလူးတစ်ကောင်ပါလား
"ဒါက မြေရှင်ခေတ်လည်းမဟုတ်ဘူး
ငွေနဲ့လူကိုအလည်းအလှယ်လုပ်ကအောင်သူဌေးမင်းရှင်တော်တော်အောက်တန်းကြတဲ့လူပါလား "
"ကိုယ်ကသစ်ပင်ကိုလိုချင်တာဆိုရင် အမြစ်ကပဲခုတ်ခုတ်အကိုင်းကပဲဖြတ်ဖြတ်ပင်စည်ကပဲထွင်းထွင်း အဓိကတော့သစ်ပင်ရဖို့ပဲလေ"
"ကျွန်မ ကသစ်ပင်မဟုတ်ဘူးပြီးတော့ကျွန်မကပိုင်ရှင်ရှိပြီးသားမိန်းကလေး ရှင်နဲ့ညစ်ပတ်တဲ့အပေးအယူမလုပ်ဘူး"

ချစ်သော ပို၍ချစ်သော {Complete}Donde viven las historias. Descúbrelo ahora