ချစ်သော ပို၍ချစ်သော {3} unicode

1.3K 66 0
                                    

ချစ်သောပို၍ချစ်သော ၃

___<_______
ဆရီကအခုဆရာမနဲ့အတူမနေတော့ဘူး။ဘဝတူအမနှစ်ယောက်နဲ့ကွန့်အဆောင်မနီးမဝေးမှာအခန်းလေးစုဌားနေတာ

ည၁၂နာရီထိုးနေပြီဆရီပြန်မရောက်သေးဘူးဆိုလို့ကွန့်မှာလမ်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းစိတ်ပူနေကပြီ

ကျွီ ဆရီကားပေါ်ကဆင်းလာပြီး
"ကျေးဇူးပါသူဌေး"
''ဆရီဘယ်သွားတာလဲ ဒါကကောဘာပုံစံလဲ အဲ့လူကဘယ်သူလဲ"
ကွန့်မေးခွန်းတွေအဆက်မပြတ်

"ကွန်စိတ်ပူသွားလားဟင်"
"မေးတာသာအရင်ဖြေပါ"
"အခုနကသူဌေးလေသူနဲ့ပွဲတစ်ခုအတူလိုက်ကတာဒါကြောင့်ဒီလိုဝတ်ထားတာ၊
ချက်ချင်းကြီးမို့ကွန့်ကိုမပြောလိုက်ကဘူးတောင်းပန်ပါတယ်ကွန် စိတ်ပူအောင်လုပ်မိလို့"
"အဲ့လူကရိုးရဲ့လား ဘာလို့မကိုမှခေါ်တာလဲ"
"တခြားအတွင်းရေးမှူးတွေလည်းဒီလိုလိုက်ကတယ်တဲ့ကွန်"
ကွန့်မျက်နှာကစူပုတ်နေတာပဲ
"ကွန်စိတ်မဆိုးပါနဲ့ ဆရီ့အတွက်ကွန်ကလွဲပီးတခြားဘာကိုမှစိတ်ထဲမရှိတာမယုံဘူးလား"
မ ကိုယုံတာပေါ့။
မခေါင်းထဲကွန်ကလွဲပြီးဘာမှမရှိတာသိတယ်။မယုံတာကအဲ့လူ။
ဒါပေမယ့်မျက်နှငယ်လေးနဲ့ချော့နေတဲ့ရည်းစားကိုဆက်ပြီးစိတ်မကောက်ရက်တော့..

"ကွန် ကစိုးရိမ်လို့ပါ"
"နောက်ဆိုကွန်စိတ်မပူရအောင်နေမယ်"
"ဒါနဲ့ ဆရီမလှဘူးလားကွန်" မိန်းကလေးထဲကမိန်းကလေးလို့မပြောကဘူး
"လှပါဒယ်"
"ဟွန့်ဖြေပုံကြီးကလည်း"
မကလှမှန်းသူသိတာပေါ့ တခြားသူကိုမသိစေချင်တာ..

ဒီနေ့ဆရီ့အလုပ်နားရက်မှာ အတူနေတဲ့အမနှစ်ယောက်ကလည်းနယ်ခနပြန်သွားပြီ။နားရက်မို့လို့အိမ်အလုပ်လုပ်ပြီးတော့ကွန့်အတွက်ငါးခြောက်အခြမ်းလေးတွေကြော်လှော်နေတာကိုကွန်ဘေးကလာထိုင်ကြည့်နေပြီး
"ကွန် လာမကြည့်ပါနဲ့ဆို "
"မ နဖူးကဘာဖြစ်တာလဲ"
"အာ့ကဝက်ခြံလေ "
"ဝက်ခြံဆိုတာချစ်သူနမ်းမှပျောက်တာ�"
"အကောင်းမှတ်လို့ ဒီမှာအလုပ်လုပ်နေတာချွေးထွက်ပြီးသရဲရုပ်ပေါက်နေတာကို"
"ဟားဟား ကွန့်သရဲမလေးကလှပြီးသားပါ"
"ကွန်ကူလုပ်ပေးမယ်"
"သွား သွား ဘာမှလည်းတတ်တာမဟုတ်ပဲ စာပဲသွားကြည့် ကွန့်စာတွေများလာပြီ"
"တစ်ရက်တစ်လေမကြည့်တော့ဘာဖြစ်မှာလဲ".
"မရဘူး ကွန်တစ်နှစ်တစ်တန်းတတ်နိုင်ပြီးမြန်မြန်ဆရာဝန်ဖြစ်မှ"
"အဲ့ဒါဆိုလက်ထပ်လို့ရပြီလား"
"ကွန် နော်သွား သွား"
ကွန့်ကိုနောက်ကနေတွန်းပြီးအရှေ့ထိလိုက်ပို့ပြီးမှ
ဟူး ဒီလိုညစ်ပေနေတဲ့ပုံစံ ကွန်ကိုမမြင်စေချင်ပါဘူးဆို....

ချစ်သော ပို၍ချစ်သော {Complete}Where stories live. Discover now