‌ရှိင်းနောင်စပ်ဖီးဖီးပြောလာတော့လေးလေးကသဘောပေါက်ဟန်ဖြင့်

"အေးပါအေးပါကဲငါသွားပီကွာ"

"ဟုတ်ဦးလေး"

လေးလေးပြန်သွားပီးခနအကြာမှရှိင်းနောင်အိမ်သို့ပြန်လာခဲ့သည်အိမ်ရောက်တော့တရေးတမောခနအိပ်လိုက်သည်ရှိင်းနောင်ဒီရက်ပိုင်းအိပ်ရေးဖျတ်ခဲ့သည်မဟုတ်လားအိပ်ယာနှိုးတော့ရေမိုးချိုးပီးကိုလရောင်အိမ်ထွက်ဖို့ပြင်တော့သည်
အင်္ကျီအဖြူလက်‌ရှည်ကိုပုဆိုးအစိမ်းကွက်စိပ်လေးနဲ့တွက်ဝတ်ထားပီးခန့်ခြားနေတော့သည်အိပ်ခန်းကနေ့အိမ်ရှေ့ကွပ်ပစ်မှာထိုင်နေတဲ့ပိုင်ပိုင်ကိုတွေ့တော့

"ပိုင်ပိုင်ကိုကိုကြီးပြောစရာရှိတယ်"

ရှိင်းနောင်ကပိုင်ပိုင်ဘေးမှာဝင်ထိုင်ပီးပြောလာသည်ပိုင်ပိုင်တယောက်ကတော့မျက်နှာလေအားမော့ပြကာပြောဆိုတဲ့သဘောဖြင့်လုပ်ပြတော့

"ကိုလရောင်ဦးလေးကလေကိုကိုကြီးကိုလက်ခံလိုက်ပီ..!"

ရှိင်းနောင်ပြောလိုက်တော့ပိုင်ပိုင်ကမျက်လုံးလေးပြူးကာ

"တ...တကယ်လားးးသေချာရဲ့လား...ဘာတွေပြောသေးတယ်...ဘယ်လိုလက်ခံသွားတာလည်းဟင်...ကိုလရောင်ကောအခုဘယ်မှာလည်းးးး"

ပစ်တောက်ပစ်တောက်မရပ်မနားမေးနေသောပိုင်ပိုင်ပါးစပ်အားရှိင်းနောင်လက်နဲ့ပိတ်ကာလိုက်သည်

"မောင်မင်းကြီးသားရယ်...!မင်းကငါထပ်ပိုပျော်နေသလို...ပိုင်ပိုင်မေးတာတွေကိုကိုကြီးဖြေမှာပါကွ"

"ဖြေလေအခုဖြေမြန်မြန်သိချင်ပီ"

"ဒီလို.$#@&$@#&£€¥√^π£×¶£¥¥¢¥_#@&အဲ့တာပဲသိပီစီစဉ်ထားတာတွေပါအကုန်ပဲသိပီလားး"

ပိုင်ကိုင်ကိုအကြောင်းစုံပြောပြပီးရှိင်းနောင်သူကိုယ်တောင်စီစဉ်ထားတာလေးတောင်ပြောပြလိုက်သည်

"အာ...သိပီသိပီဒါဆိုအခုကိုကြီးလရောင်အိမ်လား"

"ဟုတ်တယ်ပိုင်ပိုင်လိုက်မလား..!"

ရှိင်းနောင်ပြောတော့ပိုင်ပိုင်အလျှင်မြန်ပြင်ခေါင်းငြိမ့်လိုက်သည်သူလည်းကိုကြီးကိုမတွေ့ရတာကြာပီမလားး

ယော်...ခက်ပြီ (Complete)Where stories live. Discover now