အခန်း ( ၇ ) / အခန္း ( ၇ )

2.7K 185 2
                                    

Unicode

အရိပ်ကုတင်တစ်ခုပေါ်မှာ အလောင်းကောင်လိုမျိုး မလှုပ်မယှက်နဲ့ လဲလျောင်းနေသည်။ သူ့လည်တိုင်၊ ညပ်ရိုးနဲ့ ရင်ဘတ်တစ်လျောက်မှာ စုပ်နမ်းရာတွေနဲ့ တစ်ယောက်ယောက်ကိုက်ထားသော သွားရာတွေရှိနေသည်။ သူ့အောက်ပိုင်းက သွေးအချို့ပင်ပေနေပြီး ကုတင်ပေါ်က အဖြူရောင်မွေ့ယာမှာလည်း သွေးတွေစွန်းထင်းနေသည်။

သူ့မျက်လုံးတွေကလည်း တစ်ဖန် အသက်မရှိသော မျက်လုံးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး မှေးမှေးကျဉ်းကျဉ်း ဖွင့်လှစ်ထားသည်။ သူ့ဘေးထောင့်နားက အခန်းတစ်ခုမှရေချိုးသံတွေ ထွက်ပေါ်နေသည်။ သူ့ကိုစိတ်တိုင်းကျဆက်ဆံပြီးသွားသော ယောက်ျားတစ်ယောက်က ရေချိုးနေတာဖြစ်သည်။

သူ့အမေရဲ့ 'နင့်လူကိုကောင်းကောင်းဆက်ဆံ' ဆိုသောစကားနဲ့ သူမအခုလိုဘဝမျိုးရောက်လာခဲ့တာ သူနဲ့ ဘယ်သူမှန်းမသိ၊ ဘယ်တုန်းကမှမမြင်ဘူးတဲ့အဖေကြောင့် ဆိုတဲ့စကားတစ်ခွန်းကြောင့် ထိုလူလုပ်သမျှ ငြိမ်ပြီးခံနေခဲ့သည်။

အရိပ်က သူ့ခန္ဓာကိုယ်ကို ဘေးသို့စောင်းလိုက်ပြီး လက်ထောက်ကာ ထထိုင်ဖို့ကြိုးစားသည်။ သူ့လက်ကရှိနေတဲ့ ပတ်တီးကြောင့်ရော သူ့အောက်ပိုင်းက နာကျင်နေတာကြောင့်ရော သူချက်ချင်းမထနိုင်ပါ။ နောက်တော့ နာကျင်မှုကိုအံကြိတ်ခံရင်း ထထိုင်လိုက်ပြီး နောက်ကိုမှီထားသည်။ စောင်ကိုလည်း ဆွဲယူပြီး ကြည့်မကောင်းလှတဲ့ သူ့အောက်ပိုင်းကို ခြုံထားလိုက်သည်။

သူ့ကိုဆက်ဆံပြီးသွားသော လူက သူ့ကိုမေ့မျောသွားတယ်လို့ထင်ပြီး ဖုန်းတစ်ခုကို ဆက်သွယ်ကာ စကားအချို့ကို ပြောနေခဲ့သည်။ ထိုစကားတွေထဲက အရိပ်သတိထားမိတဲ့ စကားတစ်ခွန်းက...

"ကျွန်တော် ပိုက်ဆံကြောင့်သာ ဘော့စ်အမိန့်ကို နာခံခဲ့တာဆိုပေမယ့် ပိုက်ဆံတောင် မလိုချင်ပါဘူးဗျာ .. ဒီကောင်လေးက ရုပ်လေးကလည်း ချစ်ရာကောင်းပြီး အရမ်းလုပ်လို့ကောင်းတယ် .. ကျွန်တော်သူနဲ့တစ်ချိန်လုံးတောင် အိပ်နေချင်တယ်ဗျာ"

သူ့ရဲ့စကားအရတော့ တစ်ယောက်ယောက်က ပိုက်ဆံပေးခိုင်းတယ်ဆိုတာ အရိပ်သေချာသိလိုက်သည်။ ထိုလူကြီးဆီကနေ သူသတင်းနိုက်ကြည့်မှ ရတော့မည်။

ဦး~ [Completed]Where stories live. Discover now