*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ

Start from the beginning
                                    

ယခုလက်ရှိ သခင်မကြီးမှာ သူမခေါင်းပေါက်ကွဲလုနီးပါးဖြစ်နေပြီဟု ခံစားနေရ၏။ တစ်ဖက်မှာလည်း ယင်မိသားစုက ချီလန်ပေါ်မှာ အကြွေးအကြီးကြီး တင်နေလေသည်။ ချီလန် ထပ်ထိခိုက်ခံစားရမှာမျိုးကို သူမမကြည့်ရက်နိုင်တော့..ပြီးတော့လည်း သူမက ယင်မိသားစုရဲ့သခင်မကြီးဖြစ်တာကြောင့် မိသားစုအရေးကိစ္စတွေကို ထည့်သွင်းစဥ်းစားပြီးမှ ကိစ္စတွေကိုဆုံးဖြတ်လို့ရသည်။ ထို့အပြင် ယင်မိသားစုနဲ့ ချီမိသားစုတို့က လက်ထပ်ခြင်းနဲ့ ပေါင်းစည်းလိုက်တာက အကောင်းဆုံးသော ရလဒ်တစ်ခုလည်းဖြစ်၏။ ဒါပေမယ့် တစ်ဖက်မှာကလည်း သူမရဲ့သားဖြစ်လေသည်။ သူမသားကို သူ မချစ်တဲ့သူနဲ့ လက်ထပ်ဖို့ အတင်းတွန်းအားမပေးရက်သလို သူမရဲ့မြေးလေးတွေကိုလည်း ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးမှာ သူတို့ရဲ့ဖေဖေနဲ့ မခွဲချင်ပေ။ သူမမှာ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေတာကြောင့် ဒီကိစ္စကိုဆုံးဖြတ်ဖို့ကို အကြီးအကဲတွေလက်ထဲကိုသာ ထည့်လိုက်တော့သည်။ သူတို့သာ ယင်ကျင်းရဲ့ကို ဖျောင်းဖျနိုင်ခဲ့မယ်ဆိုရင် သူမက သူတို့အတွက် လက်ထပ်ပွဲကို ချက်ချင်းစီစဥ်ပေးပေမည်။

ဒါကြောင့် လာမဲ့ရက်အနည်းငယ်အတွင်းမှာ ယင်ကျင်းရဲ့ကို ဖျောင်းဖျဖို့ အကြီးအကဲနှစ်ယောက်က ဟိုင်ရှန်းမြို့ကို ရောက်လာကြပေလိမ့်မည်။ အကယ်၍ ယင်ကျင်းရဲ့သာ တစ်ကယ်ဘဲ ချီလန်ကို လက်မထပ်ချင်ဘူးဆိုရင် ချီလန် ဒီအကြံကိုလက်လျှော့သွားတဲ့အထိ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲထားနိုင်လေသည်။

နောက်ဆုံးမှာတော့ သခင်မကြီးက သူမရဲ့မြေးလေးတွေကို လွမ်းနေပြီဖြစ်တာကြောင့် ယင်ကျင်းရဲ့ကို ဒီကကိစ္စတွေကို လက်လွှဲယူရန် ကလေးတွေကိုပါခေါ်ပြီး ပြန်လာတော့ဖို့ မျှော်လင့်ကြောင်းနဲ့ ဒါမှဘဲ သူမလည်း သူမအသက်အရွယ်မှာ အေးအေးချမ်းချမ်းအနားယူနိုင်မည်ဖြစ်ကြောင်း ပြောထားလေသည်။

စာကို ရှေ့မှာထောင်ကြည့်လိုက်ပြီးနောက် ရုန်ယိက စူပုပ်ပုပ်နဲ့ပြောလာသည်။
"ကြည့်ရတာတော့ ကျွန်တော် ချီလန်ကို ပိုပြီးအပြင်းအထန်ဆန့်ကျင်လေ..သူက လက်ထပ်တဲ့ကိစ္စကိုသုံးပြီး ကျွန်တော့်ကို ဒေါသထွက်အောင်လုပ်လေဘဲထင်တယ်.. ခဏလေးတောင် နားခွင့်မပေးဘူးဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now