နတ်ဆိုးရဲ့နှောင်ကြိုး

388 48 6
                                    

နတ်ဆိုးရဲ့ နှောင်ကြိုးChapter 2 .. 🗡️🗡️🗡️

Gulf ...

ကျွန်တော့်နာမည် Gulf .. ..

မိဘတွေ ဘာအဓိပ္ပယ်နဲ့ပေးသွားလည်း
ကျတော်မသိဘူး ..

မိဘမဲ့မဟုတ်ပေမယ့်သူ့အရွယ်မရောက်ခင်
သူတို့ရှာထားတဲ့ စည်းစိမ်းဥစ္စာကို‌တောင်
မခံစားကြရပဲ .
မတော်တဆမှု့တခုနဲ့ ကျတော့်အဖေနဲ့အမေ အသက်ဆုံးပါးသွားခဲ့ကြတယ် ..

အဲဒီတော့ ကျတော့်ဘဝက မိဘမဲ့နဲ့မခြား
ဖြစ်နေရတယ် ..

အိမ်ကြီးတစ်လုံးထဲမှာ ကျတော်နဲ့
မနက်ဆို လာညနေဆို ပြန်တဲ့
အိမ်ထိန်း အန်ကယ်ပေါလ်တို့
နှစ်ဦးသာ ရှိကြတယ် ..

အထီးကျန်တယ်လို ခွေးလေးကြောင်လေး မွေးမြူဖို့  စိတ်မပါတယ် . 

ကျတော့်အသက် ဆယ်ရှစ်နှစ်
ပြည့်ချိန်မှာတော့
မိသားစုရှေ့နေကြီးကနေတဆင့် မိဘတွေရဲ့
အမွေကို ဆက်ခံခွင့်ရခဲ့တယ် ..

မိဘတွေထားခဲ့တဲ့ ငွေကြေးတွေနဲ့ ကျတော်
ဘွဲ့တခုရပြီး ကျောင်းပြီးခဲ့တယ် ..

အများတကာလို ‌ စားသောက်နေထိုင်ဖို့အတွက်ပူပန်စရာမလိုတဲ့အခြေအနေမို့ .. ဝါသနာပါတဲ့ပန်းချီဆွဲခြင်းနဲ့
အသက်မွေးခဲ့တယ် . 

ထိုင်လူမျိုးဖြစ်တဲ့ အဖေနဲ့အမေဟာ
ဒီနိုင်ငံမှာဖူးစာပါခဲ့ကြပြီး
လက်ထပ်ခဲ့ကြတယ်
နှစ်ဘက်ဆွေမျိုးနီးစပ် ရှိပေမယ့် မိဘတွေက
သိပ်အသွားအလာမလုပ်ခဲ့တော့ သူလည်း
အဆက်ပြတ်ခဲ့ရတယ် ..

ကံကောင်းထောက်မစွာနဲ့ အဖေရဲ့အစ်ကို
ကျတော့်ရဲ့ ဘကြီးဆိုသူနဲ့ မထင်မှတ်ပဲ
အဆက်အသွယ်ရခဲ့ပြီး No ဆိုတဲ့ ဝမ်းကွဲ
အမျိုးတစ်ယောက်ရှိမှန်း သိခဲ့ရတယ် ..

No လာလည်တဲ့ ရက်ပိုင်းလောက်ပဲ
သူ့အိမ်မှာလှုပ်လှုပ်ခတ်ခတ် ရှိပေမယ် ..

ကျန်တဲ့နေ့ရက်တိုင်းကတော့ သူအတွက်
တစ်ယောက်ထဲ  အထီးကျန်နေမြဲ ..

အသက်နှစ်ဆယ်ကျော်လာပေမယ့်
ချစ်သူမရှိအချစ်ဆိုတဲ့ ခံစားချက်ကို
မခံစားဘူးတယ် ..

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now