ယူဂျင်းက ခက်ခဲတဲ့ သင်္ချာ်ပုစ္ဆာမှာပဲ အာရုံရှိနေတာကြောင့် ဘေးမှာ သူနဲ့အတူတူ သင်္ချာထွက်တွက်နေရတဲ့ ဂယူဘင်းဆိုတဲ့ နှစ်ကျ ကျောင်းသားနားကို တစ်ဖြေးဖြေးရောက်သွားမှန်း မသိပါ။

ပြတင်းပေါက်ကနေ ဝင်လာတဲ့ လေတွေရဲ့ အားကိုးကြောင့်ပဲလားနော်..ယူဂျင်းရဲ့ ဆံပင်ပေါ်က အမွှေးနံ့..ရှန်ပူအနံ့မွှေးမွှေးလေးက ဂယူဘင်းရဲ့ နှာထိပ်ဝမှာ လာကျီစယ်တယ်။

ဘာတံဆိပ်လဲ မသိပေမဲ့ ဂယူဘင်းရဲ့ ရင်ထဲ အေးချမ်းသွားတာပဲ...ပြီးတော့ အနားကပ်လာမှုကြောင့်လဲ ပိုပြီးတော့တောင် ရှန်ပူအနံ့လေးက သင်းနေတယ်။ ပြီးတော့ ကိုယ်သင်းနံ့လို့ပြောရမလား..baby mildအနံ့ကိုလဲ ရသေးတယ်။

အိုက်ဂူး..ဒါကလေးလေးမဟုတ်ဘူးလား။

ဒီလိုအနေအထားကြောင့် ဟိုသီချင်းကိုတောင် သတိရသွားသေးတယ်။ နာမည်ကြီးအဖွဲ့လေ..TXTရဲ့20cm

<ကိုယ်တို့ဘေးချင်းကပ်ရပ်လိုက်တဲ့အခါ
နှာဖျားထိပ်မှာလာကျီစယ်တဲ့ရှန်ပူအနံ့လေး
မင်းရဲ့ဆံနွယ်လေးတွေကို ပွတ်သပ်ပေးချင်လိုက်တာ
မေးဖျားလေးကို မော့ယူပြီး ကျီစယ်ချင်လိုက်တာ>

ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ထဲကလို လေတွေ တစ်ဟူးဟူးတိုက်လာတာကြောင့် ဂယူဘင်းရော ယူဂျင်းရောရဲ့ ဆံပင်တွေက လွှင့်နေမယ်။ ပြတင်းပေါက်လိုက်ကာကလဲ အငြိမ်မနေဖြစ်နေမယ်။ ဒီအခန်းထဲမှာ သူတ်ို့နှစ်ယောက်တည်းသာ ရှိနေမယ်။ TXT boy groupရဲ့ 20cmကတော့ ဇာတ်ဝင်တေးတစ်ပုဒ်ပေါ့။

<လှုပ်ခပ်နေတဲ့ မင်းရဲ့မျက်တောင်မွှေးအရေအတွက်ကိုလဲ..င်္သချာ်ပုံသေနည်းတွေလို အကုန်တစ်ခုချင်း တစ်ဆင့်ချင်းကို အလွတ်ကျက်ပစ်လိုက်ချင်တယ်>

*ဂွက်*

"အမလေးဗျ"

ခေါင်းကို ဂွက်ကနဲ အသံမြည်အောင် သင်္ချာ်ဆရာက ပေတံစာကျွေးလိုက်တာပဲ။

တော်သေးတာပေါ့ ရင်ဘတ်ကို မရိုက်လို့..မဟုတ်လို့ကတော့ ရင်ဘတ်ထဲမှာရှိတဲ့ သူ့ဟန်ယူဂျင်းလေးနာသွားမှဖြင့်။

"မင်းကို သင်္ချာ်တွက်ခိုင်းနေတာ ဟန်ယူဂျင်းကို ပေါက်ထွက် မတတ်ကြည့်ခိုင်းနေတာမဟုတ်ဘူး"

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌जहाँ कहानियाँ रहती हैं। अभी खोजें