မန္တန်သခင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေက မရှိသ​​လောက် ရှားပါးလွန်းလို့ သာမာန်လူတွေဆိုရင် မန္တန်သခင်တွေ ရှိလို့ရှိမှန်းတောင် သိကြမှာမဟုတ်ဘူး။

အခုတော့ ဒဏ္ဍာရီလာ မန္တန်သခင်တစ်ယောက်က သူ့ရဲ့အရှေ့မှာ ပေါ်ထွက်လာခဲ့သလို အဲ့လိုပြောလာတဲ့လူကလည်း ရင်းဆုယဲ့ဘေးနားက ကလေးလေးတဲ့လား..?!

ရင်းမင်ခမျာ ကံကြမ္မာက သူ့အပေါ် အရမ်းရက်စက်လွန်းသလို ခံစားလိုက်ရတယ်။

ရင်းဆုယဲ့ တစ်ချိန်လုံးကာကွယ်ပေးနေတဲ့ ကလေးလေးက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ..? ကြားရုံကြားဖူးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့တဲ့အချိန်မှာ ဘယ်သူကများ စိတ်တည်ငြိမ်နိုင်ပါဦးမလဲ..?!

“ကျွန်တော်က ‘မန္တန်သခင်’ စစ်စစ်ပါခင်ဗျာ..!”

ရွှယ်ယို့ရှန်းလည်း ရင်းမင်ရဲ့ ထိတ်လန့်တုန်လှုပ်နေမှုကို အရသာခံကြည့်ရင်း ခေါင်းမော့ရင်ကော့ကာ ဝင့်ကြွားနေတော့တယ်။

စာမူကြမ်းရေးခဲ့စဥ်က အဓိကဇာတ်ကောင်ရဲ့ အရေးပါမှုကို ပိုမိုပေါ်လွင်စေရန်အလို့ငှာ မန္တန်သခင်တွေရဲ့ ဂုဏ်သရေကို အလွန်အမင်း မြှင့်တင်ထားခဲ့တယ်။ ထိုကြောင့် အဓိကဇာတ်ကောင်က သူ့ရဲ့မန္တန်သခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထုတ်ဖော်လိုက်တိုင်း လူအများရဲ့ လေးစားခြင်းကို ခံခဲ့ရလေတယ်။

အခုတော့ ‘အဓိကဇာတ်ကောင်ရဲ့ အကျိုးအမြတ်ကောင်းလေးတွေကို’ ဒီစာရေးဆရာလည်း ခံစားကြည့်ရတာပေါ့..!

“မင်းက မန္တန်သခင်ပဲ ထားပါဦး.. ရင်းဝူရွှမ်က ဟော်လင်းယွင်ရဲ့ တရားမဝင်ကလေးဆိုတာကို ဘယ်လိုမျိုးသက်သေပြမှာလဲ..?”

မန္တန်သခင်တစ်ယောက် ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပေမယ့်လည်း ရင်းမင်ရဲ့စိတ်ထဲမှာ ရင်းဝူရွှမ်နဲ့ ဟော်လင်းယွင်အကြောင်းကိုသာ ပိုမိုသိချင်နေခဲ့တယ်။

“လွယ်ပါတယ်..”

ရွှယ်ယို့ရှန်းက နောက်လှည့်လိုက်ပြီး သူ့ကိုအောက်ချပေးရန် ရင်းဆုယဲ့ကို အချက်ပြလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now