အခန်း ( ၄ ) / အခန္း ( ၄ )

Começar do início
                                    

အရိပ်ကတော့ နောက်ခွက်တစ်လုံးကို ထယူလာပြီး လိမေ္မာရည်ခွက်ကို ဘေးသို့ တွန်းပို့လိုက်တော့သည်။ ခွက်နှစ်လုံးထဲ ဝိုင်ကို ထည့်ပြီးနောက် သူ့ခွက်ကိုကိုင်ကာ ပိုင်ဇေဆီကို မြှောက်လိုက်သည်။ ပိုင်ဇေကလည်း အလိုက်တသိ အရိပ်နဲ့ခွက်တိုက်လိုက်သည်။

"Cheers"

တစ်ခွက်လုံးကို အရိပ်တစ်ခါတည်းမော့ချပြီး နောက်ထပ်ခွက်အပြည့် ဝိုင်ထပ်ထည့်သည်။ ထည့်ပြီး အကုန်ကို မော့ချပစ်ပြန်သည်။ ပုလင်းရဲ့တစ်ဝက်အောက်လျော့သည်ထိ ထည့်လိုက်သောက်လိုက်နဲ့ လုပ်နေသူကို စစ်ပိုင်ဇေကတော့ ပြုံးပြီးသာ ကြည်နေသည်။

"အရိပ်လေး"

အရိပ်က ရီဝေဝေမျက်လုံးနဲ့ သူ့ကို မျက်တောင်လေးတွေပင့်ကြည့်သည်။

"ဘာလို့မင်းနာမည်က အရိပ်လဲ .. မင်းကိုဘယ်သူပေးခဲ့တာလဲ"

ကျွန်တော့်ကို ငယ်ငယ်တုန်းက ထိန်းပေးခဲ့တဲ့အဒေါ်ကြီး
ပေးခဲ့တာ..။
သ့ူအတွေးထဲကလိုသာ အမှန်တိုင်းဖြေပေးလိုက်ရင် သူ့ရှေ့ကလူကြီးရယ်သွားမှာကို စိုးလှသည်။

"ကျွန်တော့်ကို အရိပ်တစ်ခုလောက်ရဲ့အောက်မှာ လုံလုံခြုံခြုံခိုနားစေချင်လို့ အရိပ်လို့ပေးခဲ့တာ.."

ဘာလို့ဆို ကျွန်တော့်မှာ ခိုနားစရာတစ်ခုမှ မရှိခဲ့လို့။
ဘယ်သူပေးခဲ့လဲဆိုတာတော့ သူမပြောဘဲ ဒီအတိုင်းလေးထားလိုက်သည်။

"မင်းအခု ကိုယ့်အရိပ်အောက်မှာ ရှိနေပြီပဲ"

အရိပ်က မျက်ရည်ရွမ်းရွမ်းလေးနဲ့ ပိုင်ဇေကို မော့ကြည့်မိသွားသည်။ သူ့ဘဝကြီးတစ်ခုလုံးက ပိုင်ဇေရဲ့အရိပ်အောက်ကိုရောက်ဖို့ နာကျင်ခဲ့ရတယ်ဆိုရင် သူဖြတ်သန်းခဲ့ရသော ဆိုးဝါးတဲ့နေ့ရက်တိုင်းကို ကျေနပ်စွာလက်ခံနိုင်လိမ့်မည်။ အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့မိုးနတ်မင်းကိုလည်း ကျေးဇူးတောင်တင်မိလိမ့်မည်။

ဒါပေမဲ့... ပိုင်ဇေကတော့ စကားကိုအလွယ်လေးသာ ပြောလိုက်တာဖြစ်သည်။ သူ့စကားမှာ လေးနက်မှုမရှိပါ။ အရိပ်က နှုတ်ခမ်းလေးတစ်ဖက်ကို အနည်းငယ်ကော့တက်သွားအောင် ရယ်လိုက်သည်။

ဦး~ [Completed]Onde histórias criam vida. Descubra agora