Part : 12 💘

Comincia dall'inizio
                                    

" အိုကေ "

ပို့ထားသမျှကို စိတ်ရှည်လက်ရှည်ဖတ်ပြီးနောက် နောက်ဆုံးပို့ထားတာအတွက်ပဲ စာပြန်ပို့လိုက်သည်။ ဖွဲ့ဖွဲ့နွဲ့နွဲ့တွေမလုပ်တတ်တဲ့ ပင်ကိုယ်အကျင့်စရိုက်က မွေးလာကတည်းက ဒီအတိုင်းသာဖြစ်သည်။

" မင်း မင်းက သိပ်မွန်းကြပ်စရာကောင်းတာပဲ "

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်ရဲ့ တစ်ချိန်က စကားသံကို ပြန်ကြားယောင်လာမိတော့ အလန့်တကြားဖြစ်ကာ ဖုန်းကို ပြန်ကောက်ကိုင်မိလိုက်သည်။

" အဲ့မှာ‌အရမ်းအေးနေလား...နွေးနွေးထွေးထွေး... "

ဒါပေမဲ့ ဒါက Min PD စတိုင်မှမဟုတ်တာ။ ငယ်ငယ်ကတည်းက လူတိုင်းနဲ့ ဖာသိဖာသာနေတတ်တဲ့ အ‌လေ့အကျင့်မျိုးသာ စွဲကပ်ခဲ့တော့ ပေါ်ပေါ်ထင်ထင်ဂရုစိုက်ပြရမှာမျိုးဆို သိပ်ကို၀န်လေး‌နေတတ်သည်။

ရိုက်ထားတဲ့ တပိုင်းတစစာလုံးတွေကို ဖျက်ပစ်ကာ ဖုန်းကို အိတ်ထဲသာပစ်ထည့်မိလိုက်‌တော့သည်။ မဟုတ်တဲ့အတွေးတွေကို ခေါင်းထဲမှာရှုပ်မခံဘဲ ကားစက်ကိုသာ ဖိနှိုးပစ်လိုက်သည်။

Kim Taehyung က ဘယ်တစ်စုံတစ်ယောက်မှ မဟုတ်တာပဲ။ Kim Taehyung က ဒီလိုကိစ္စတွေကို အရေးကြီးခွင်ကျယ် လုပ်တတ်သူမျိုးလည်းမဟုတ်ပါ။ ကလေးဆန်တဲ့ပုံစံပေါက်ပေမဲ့ တကယ်တမ်းကျတော့ အံ့သြ‌ဖို့ကောင်းလောက်အောင် ရင့်ကျက်ပြီးနားလည်မှုအပြည့်ရှိတဲ့သူမျိုးသာဖြစ်သည်။

လီဗာကိုလည်း ခပ်ပြင်းပြင်းလေးဖိရင်း အတွေးတွေကိုလည်း နေရာချရင်းနဲ့ studio နားရောက်ခါနီးလာတော့ Jungkook ကို လှမ်းတွေ့လိုက်ရသည်။

" Jungkook! ဘယ်လဲ? "

" အာ Hyung...ခေါက်ဆွဲသွား၀ယ်မလို့ "

" အတော်ပဲ တက် "

studio မှာပဲ နေ့နေ့ညည သင်ယူလိုက်၊ လေ့ကျင့်လိုက်၊ idea မျိုးစုံထုတ်လိုက်ဖြင့် ပွဲဦးထွက်ဖို့အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားနေသော Jungkook က သိသိသာသာကို ပိန်သွားသည်။ ပင်ပန်းရတဲ့အထဲ အိပ်တော့လည်း ဖြစ်သလို၊ စားတော့လည်း ဖြစ်သလိုလုပ်နေတာတွေကြောင့်လည်းပါသည်။

I hate that ' I love you 'Dove le storie prendono vita. Scoprilo ora