အခန်း ( ၁ ) / အခန္း ( ၁ )

Start from the beginning
                                    

"ချီးပဲ တကယ်လားဟ .. ငါသူ့ဘေးထိုင်ရတာ လန့်လာပြီ"

"အဲ့ဒါကြောင့် ငါ.. ဒီနေ့ည သူ့အတွက် အစီအစဉ်လေးလုပ်ပေးထားတယ်"

ပြောနေတဲ့တစ်ယောက်က သူ့ရှေ့ကတစ်ယောက်ကို စိုက်ကြည့်လိုက်ရာ တစ်ဖက်ကလည်း နားလည်ဟန် ထလာပြီး အစွန်ဆုံးက လွတ်နေတဲ့ထိုင်ခုံဆီကို ဦးတည်လိုက်သည်။ ထိုလူက အိတ်ကပ်ထဲမှ စက္ကူခေါက်လေးကို ထုတ်လိုက်ပြီးနောက် အထဲက အဖြူရောင်ဆေးမှုန့်တွေကို
ရှေ့ကဘီယာဘူးထဲကို ထည့်လိုက်သည်။

"အဲ့ဒီအကောင် ငါ့ကို စီနီယာမှန်းမသိ ပြန်ပြောတာတွေ၊ မခံမလေးစားလုပ်တာတွေ၊ မကြောက်မလန့်နဲ့ ငါ့ကို အေးစက်စက်မျက်လုံးနဲ့ ကြည့်ခဲ့တာတွေကို နောင်တရစေရမယ်"

သူ့မျက်နှာထက် ကျေနပ်နေသော အပြုံးမှာပေါ်လာတော့သည်။ လွတ်နေသော ထိုင်ခုံလေးသို့ ပိုင်ရှင်ပြန်ရောက်လာချိန်တွင် ဘေးကလူတွေမှာ သူ့ကိုဂရုမစိုက်သလိုမျိုး နေနေကြပေမယ့် သူ့ဆီကိုသာ အာရုံရောက်နေကြသည်။ သူ့လက်ထဲက ဘီယာဘူးဆီကို မျက်စိထောင့်မှကြည့်နေကာ အမြန်သောက်စေချင်နေသော အကြည့်တွေက ပေါ်လွင်နေသည်။

ဘီယာဘူးကို နှုတ်ခမ်းသို့ တေ့လိုက်ချိန်တွင် အကုန်လုံးရဲ့အကြည့်က ပိုပြီးစူးရှလာသည်။ ဒါမဲ့သူက ခဏတုန့်ဆိုင်းနေပြီး ဘူးကိုစားပွဲပေါ်သို့ ချလိုက်တော့သည်။

"မင်းတို့ကောင်တွေ မပြန်ကြသေးဘူးလား .. ငါပြန်ချင်နေပြီ"

သူရဲ့မခံမလေးစား ပြောလိုက်ပုံကို အကုန်လုံးက အတော်ကို ဒေါသထွက်နေကြပေမဲ့ မြိုသိပ်ထားရသည်။ သူတို့ထဲက တစ်ယောက်ကပဲ အလိုက်သင့်လေး ပြုံးပြရင်း ပြန်ပြောလိုက်သည်။

"အေး.. ဟုတ်..ပါပြီ မင်းပြန်ချင်တယ်ဆို ပြန်ကြမယ်လေ .. ဒါနဲ့ မင်းသောက်လက်စဘူးက မကုန်သေးဘူးမို့လား .. လမ်းသောက်ရအောင် ယူခဲ့လေ"

သူက ခေါင်းငြိမ့်ပြချိန်တွင် တစ်ဖက်လူမှာ ပျော်သွားပြီး မျက်နှာမှာ မပေါ်အောင် အတော်ကိုထိန်းထားရသည်။ ပြီးရင် သူဘတ်စကားနဲ့ပြန်မယ်ဆိုတော့ သူကအငယ်ဆုံးလေးမို့ဆိုပြီး
အကုန်းလုံးက အရမ်းကြင်နာနေကြကာ သူ့ကိုဘတ်စကားဂိတ်ထိ အတူလိုက်ပို့ပေးကြသည်။ သွားနေတဲ့လမ်းမှာ အကုန်လုံးက သူ့ကို မသိမသာနဲ့ ဘီယာကိုသောက်ဖို့တိုက်တွန်းနေကြသည်။

ဦး~ [Completed]Where stories live. Discover now