"ဟဲ့ကောင်..နင်ကများငါတို့နဲ့စားရအောင်နင်ကငါတို့နဲ့အဆင့်အတန်းတူလို့လား
မနေ့ကရိုက်ထားတာနည်းသေးလို့ အချိုးပြောင်းနေတာလား"
နဒီမနက်ခင်းမနက်စာခန်းထဲစဝင်လာထဲကပုံစံပြောင်းလာတဲ့လရောင်ကြောင့်နည်းနည်းစိုးရိမ်လာသည်၊မနေ့ကမှထုံထုံထိုင်းထိုင်းနဲ့လူတယောက်ကခုတော့လူအသစ်တယောက်လိုဖြစ်နေသည်၊ရှေ့ဆံပင်တွေညှပ်ထားတော့စူးရှတဲမျက်ဝန်းတွေနဲကိုယ်ရောင်ကိုယ်ဝါတောက်ပနေသလိုပင်၊

လရောင်တစ်ယောက်မနက်ကခံစားရတဲ့နာကျင်ခဲ့တဲ့အကြောင်းကိုတွေးပြီးဒေါသထွက်လာသည်၊ဒေါ်နဒီမျက်ဝန်းတွေကိုစိုက်ကြည့်ပြီး
"ဟက် မှန်တာပေါ့ကျွန်တော်နဲ့ခင်ဗျားတို့နဲ့အဆင်အတန်းမတူဘူး၊ခင်ဗျားတို့စိတ်ဓာတွေကပုပ်နေတဲ့အလောင်းကောင်းလိုပဲလေ"
"မင်းဘာစကားပြောတာလဲ ငါကမင်းအဖေမင်းကိုလူဖြစ်အောင်လုပ်ခဲ့တဲ့အ‌ေဖမင်းကိုဒီအရွယ်ထိရောက်အောင်ကျွေးမွေးခဲ့တာကွ မင်းမြေမြိုမှာမကြောက်ဘူးလား"
"အဖေ..ဟုတ်လားခင်ဗျားကအဖေဆိုတဲ့ဂုဏ်ပုဒ်နဲ့မထိုက်တန်ဘူး ခင်ဗျားကကျွန်တော့်ကိုဂရုစိုက်ပေးဖူးလား အချစ်တွေပေးဖူးလားလူမှန်းသိတတ်စအရွယ်ကတည်းက သား ဆိုပြီးကြင်ကြင်နာခေါ်ဖူးလား၊ခင်ဗျား လရောင် ဆိုတဲ့ကောင်မွေးထုတ်ပေးခဲ့တာပိုက်ဆံကြောင့်၊အမေကိုယူခဲ့တာကလည်းပိုက်ဆံကြောင့်ပဲ"
လရောင်မူလပိုင်ရှင်ရဲ့ခံစားချက်တွေမထိန်းချုပ်နိုင်ဘဲပြောမိသည်၊မူလပိုင်ရှင်ရဲ့ခံစားချက်ကြောင့်မျက်ရည်တွေကျနေသည်၊မျက်ရည်ကိုသုတ်လိုက်ပြီးအဖေဆိုတဲ့သူကိုသေချာကြည့်ကာ
"ကျွန်တော်အိမ်ပေါ်ကနေဆင်းတော့မယ်"
လရောင်အပြောကြောင့်သုံးယောက်စလုံးမျက်လုံးထဲတွင်အပျော်တွေထင်အပ်လာသည်ကိုလရောင်မြင်လိုက်သည်၊
"မင်းဒီအိမ်ကနေထွက်သွားတာနဲ့ငါတို့နဲ့ဘာမှမဆိုင်တော့ဘူး၊ငါ့သားဆိုပြီးပြသနာတက်တာနဲ့ငါ့ဆီလာဖို့မစဥ်းစားနဲ့"
မင်းကျော်လရောင်ထွက်သွားလို့ပျော်မိသည်၊ဒီသားကိုသူမလိုချင်ပါ၊ဝတ္တရားကြောင့်သာ‌ေကျွးမွေးထားတာ၊တကယ်လို့လရောင်အဖိုးကမေးရင်လည်းသူလည်းတားပါတယ်ဒါပေမဲ့လရောင်ကသူ့‌ေြခထောက်ပေါ်သူရပ်တည်ချင် လို့ဖြေလို့ရတာပဲ၊လရောင်အဖိုးကသူ့မြေးနဲ့မဆက်သွယ်ရဲအောင်လည်းသူကပြောထားတယ်၊ဘာမှစိတ်ပူစရာမလိုဘူး၊လရောင်ကလည်းသူ့အဖိုးဆီမသွားရဲဘူးလေ၊လရောင်အဖိုးရဲ့အမွေတွေကသူ့ဆီပဲရောက်လာမှာ
"ကျွန်တော်ဘယ်တော့မှခင်ဗျားဆီကိုမဆက်သွယ်ဘူး၊ခင်ဗျားပြောတဲ့အတိုင်းပဲခုကစပြီးခင်ဗျားနဲ့ကျွန်တော်ဘာမှမဆိုင်တော့ဘူး..နှုတ်ဆက်ခဲ့ပါတယ်"
လရောင်ဦးမင်းကျော်အိမ်ကထွက်သွားပြီးအဖိုးအိမ်သွားခဲ့သည်၊ဓာတ်ပုံတွေပြပြီးအမေ့ဒိုင်ယာရီပါအဖိုးကိုပြလိုက်သည်၊အဖိုးကစိတ်မကောင်းဖြစ်ပြီးဦးမင်းကျော်ဒေါသထွက်ပြီးလက်စားချေဖို့လုပ်ပေနဲ့လရောင်ကတားလိုက်သည်၊အချိန်ကောင်းမှမရသေးတာ၊အဖိုးပြောမှလရောင်ကိုမဆက်သွယ်ခဲ့တဲ့အကြောင်းကိုသိလိုက်သည်၊ဦးမင်းကျော်ကပြောထားတယ်၊တကယ်လို့ဆက်သွယ်ရင်လရောင်ဝမ်းနည်းသွားမှာလို့၊အမေသေပြီးနောက်ပိုင်အမေ့ဘက်ကဆွေမျိုးတွေကိုတွေ့ရင်ဝမ်းနည်းပြီးမေ့လဲတက်သွားတယ် လို့ပြောထားတာပင်၊ဘယ်လို‌ောက်-ျီးအဓိပ္ပာယ်မရှိတာလဲ၊ဇာတ်လိုက်မအဖေဖြစ်တာနဲ့သူပြောသမျှယုံတယ်ပေါ့၊မမျှတလိုက်တဲ့ကမ္ဘာကြီး

System WhiteWhere stories live. Discover now