3.56

782 101 2
                                    

Unicode

“ကိုယ်ပါ..”

အေးစက်တိုးညှင်းတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

နဉ်မုန့်လည်း လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး သူမရဲ့လက်ထဲမှဓားကို ပစ်ချလိုက်တယ်။ ဓားက မြေပြင်ပေါ်ကို ပြုတ်ကျသွားတဲ့အချိန် ချီယွိရဲ့ကိုယ်တစ်ပိုင်းက မြက်ပင်တွေကြားကနေ တိုးထွက်လာခဲ့ပြီး သူမကိုငုံ့ကြည့်လာခဲ့လေ၏။

ချီယွိက စစ်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတာကြောင့် အေးစက်ခန့်ညားနေပြီး ပြင်းထန်တဲ့ သူရဲကောင်းအရှိန်အဝါတွေကို ထုတ်လွှတ်နေလေ၏။

တစ်ဖက်မှာတော့ Dr.ကျန်းကြောင့် တွားသွားပြီးထွက်ပြေးလာခဲ့ရတဲ့ နဉ်မုန့်ခမျာ ရွံ့အလူးလူးဖြင့် မြက်တွေ၊ အမှိုက်စတွေကလည်း တစ်ကိုယ်လုံးမှာ ကပ်ငြိနေလေရဲ့။ ချီယွိနဲ့ယှဉ်လိုက်ရင် သူမရဲ့ပုံစံက လမ်းတကာလျှောက်သွားနေတဲ့ သူတောင်းစားလေးလိုပဲ။

ချီယွိကိုတွေ့လိုက်တာနဲ့ နဉ်မုန့်ရဲ့ကြောက်လန့်စိတ်တွေက တမဟုတ်ချင်း ပျောက်ကွယ်သွားတော့တယ်။

“Host..”

နဉ်မုန့်ရဲ့မျက်ဝန်းတွေက မျက်ရည်တွေ တလိမ့်လိမ့်ကျလာခဲ့တော့တယ်။ သူမရဲ့မျက်နှာကို ကပျာကယာ ပွတ်သပ်လိုက်မိတော့ သူမခန္ဓာကိုယ်ရဲ့ တစ်ခုတည်းသော သန့်ရှင်းနေတဲ့နေရာလေးလည်း ညစ်ပေသွားတော့တယ်။

“မုန့်မုန့်.. မငိုနဲ့နော်..”

ချီယွိက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမလေးကို ထွေးပွေ့ထားလိုက်၏။

“ကျွန်မ မလိမ္မာဘူး.. ဒီလိုမျိုးထပ်မလုပ်တော့ပါဘူး.. တကယ်ထပ်မလုပ်တော့ပါဘူး..”

နဉ်မုန့်က သူမရဲ့အင်္ကျီအစွန်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အမှားလုပ်မိတဲ့ကလေးတစ်ယောက် လူကြီးတွေရှေ့မှာ ဝန်ခံနေသလိုမျိုး ငိုရှိုက်နေတော့တယ်။

“ဘာမှမဖြစ်ဘူး.. မဆူတော့ဘူး ဟုတ်ပြီလား.. ဒီတစ်ခေါက် ကိုယ်ပေါ့လျော့သွားတာပါ.. မင်းသတိထားနေရင်တောင် သူက မရရအောင်ဖမ်းသွားမှာ..”

ချီယွိက နဉ်မုန့်ရဲ့ကျောပြင်လေးကို အသာပုတ်ပေးလိုက်ပြီး ချော့မော့လိုက်တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now