3.24

1K 138 15
                                    

Unicode

ကျွင်းလင်းမော့နဲ့ကျွင်းနင်က မောင်နှမတွေဆိုပေမယ့် သွေးသားတော်စပ်တာမှမဟုတ်တာ။ ဒါပေမဲ့ ချီယွိကတော့ ဂုဏ်သိက္ခာထိခိုက်မှာတွေ စိုးရိမ်မနေဘူး။ နဉ်မုန့်လေးကို သူ့ရွက်ဖျင်တဲရှိရာ တစ်ခါတည်းခေါ်ဆောင်သွားလိုက်တယ်..

ကမ္ဘာပျက်ကပ်ရောက်နေမှတော့ အရာရာကို ဂရုစိုက်မနေကြတော့ဘူး။ သူတို့နှစ်ယောက် သွေးသားတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ ဘယ်သူမှအတင်းပြောရဲမှာမဟုတ်ဘူးလေ..

ချီယွိက နဉ်မုန့်ကို သူ့ရဲ့ရွက်ဖျင်တဲထဲ ဝင်ခိုင်းလိုက်တယ်။ ချီယွိရဲ့ရွက်ဖျင်တဲကို စစ်သားတွေကပဲ ဆောက်လုပ်ပေးခဲ့တာ။ ဒါပေမဲ့ တခြားရွက်ဖျင်တဲတွေနဲ့မတူဘူး။ ချီယွိရဲ့ရွက်ဖျင်တဲက ပိုပြီးကျယ်ဝန်းသလို သက်သောင့်သက်သာရှိတယ်..

နဉ်မုန့်က ကမ္ဘာပျက်ကပ်ရောက်နေတာတောင် အသန့်ကြိုက်တုန်းပဲ။ သူမကိုယ်တိုင်ကလည်း ရေစွမ်းအားရှင်ဖြစ်နေတော့ သိုလှောင်ကျောက်ထဲက တစ်ကိုယ်ရည်သန့်ရှင်းတဲ့ပစ္စည်းတွေ ထုတ်ယူလိုက်ပြီး ချီယွိကိုဆွဲခေါ်ကာ ခြေလက်ဆေးလိုက်ကြတယ်။ ပြီးတော့မှ နှစ်ယောက်သား အိပ်ယာဝင်လိုက်ကြတယ်..

ရွက်ဖျင်တဲထဲမှာတော့ နှစ်ယောက်အိပ် Sleeping bag တစ်ခုပဲရှိနေခဲ့တယ်။ နဉ်မုန့်အနားမှာမရှိရင် အိပ်လို့မပျော်တော့တဲ့ချီယွိက ခရီးမထွက်ခင်ကတည်းက နှစ်ယောက်အိပ် Sleeping bag ကို ရှာဖွေပြင်ဆင်ထားခဲ့တယ်..

ရွက်ဖျင်တဲထဲမှာတော့ နှစ်ယောက်အိပ် Sleeping bag တစ်ခုပဲရှိနေခဲ့တယ်။ နဉ်မုန့်အနားမှာမရှိရင် အိပ်လို့မပျော်တော့တဲ့ချီယွိက ခရီးမထွက်ခင်ကတည်းက နှစ်ယောက်အိပ် Sleeping bag ကို ရှာဖွေပြင်ဆင်ထားခဲ့တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Sleeping Bag

နဉ်မုန့်လေးကတော့ ထုံးစံအတိုင်း ချီယွိရဲ့လက်မောင်းကြားမှာ ကျုံ့ကျုံ့ကလေး။ မနေ့ကအတွေ့အကြုံကြောင့် ချီယွိရဲ့လက်မောင်းကြားမှာအိပ်ရတာကို နေရခက်သလိုမဖြစ်တော့ဘူး။ သူမကိုကြည့်ရတာ ငါးသေးသေးလေးလိုပဲ။ ချီယွိရဲ့လက်မောင်းကြားထဲမှာလူးလိမ့်ရင်း အဆင်ပြေဆုံးအနေအထားကို ရှာဖွေနေခဲ့တယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now