ဟော်လင်းယွင်က ရင်းဆုယဲ့ကို အလွတ်မပေးနိုင်ကြောင်း သူ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်တယ်။ သူနဲ့ စကားလာများနေတဲ့ ဒီကလေးကိုလည်း လုံးဝလွှတ်မပေးနိုင်ဘူး..! ဒီကလေးလည်း သူ့ရဲ့သမီးကို အနိုင်ကျင့်ခဲ့တယ်။ ပြီးတော့ ပိုင်ယွီဆိုတဲ့တစ်ယောက်လည်း ကျန်သေးတယ်။

လူသတ်သမားကို မရှာနိုင်သေးခင် ဒီလူတွေကို အရင်ဆုံးလက်စားချေရမယ်..! သူ့သမီးလေးရဲ့ အနိုင်ကျင့်ခံထားရတဲ့ခန္ဓာကိုယ်ကို မြင်ယောင်မိတိုင်း သူကျိန်ဆိုတယ်။ လူသတ်သမားကို လုံးဝအလွတ်မပေးဘူး..!

“တခြားလူကို မတရားအပြစ်တင်မယ်ဆိုလည်း မဟုတ်တဲ့စကားတွေနဲ့ ဆင်ခြေပေးမနေနဲ့တော့..!”

ဟော်လင်းယွင်ရဲ့ အမူအယာကိုကြည့်ပြီး သူဘယ်လောက်ပဲစကားပြောကောင်းပါစေ၊ အသုံးမဝင်တော့ကြောင့် ရွှယ်ယို့ရှန်းလည်း နားလည်သွားရတယ်။

တစ်ဖက်လူက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ..! ဟော်မျိုးရိုးတွေအကုန်လုံးက တကယ့်ကို စိတ်ရှုပ်စရာကောင်းတယ်..! ဟော်ရူယန်က စိတ်ရှုပ်ဖို့ကောင်းသလားမှတ်တယ်၊ ဟော်လင်းယွင်က ပိုတောင်စိတ်ရှုပ်စရာကောင်းသေးတယ်..!

ဒီလောက်လူလိုမသိတတ်မှန်း ကြိုသိခဲ့မယ်ဆိုရင် ဟော်လင်းယွင်ကို မြင့်မြတ်ထည်ဝါတဲ့နာမည်မျိုး လုံးဝ,မပေးခဲ့ပါဘူး။ အင်္ကျီအနီဝတ်ရတာ ကြိုက်မှတော့ ဒီလူကြီးကို ဟော်ရှို့ယွင်လို့ ရေးခဲ့လိုက်တယ်..! ကံမကောင်းချင်တော့ အခုမှနောင်တရနေလည်း ဘာမှလုပ်လို့မရတော့ဘူး..!

(TN : ဟော်လင်းယွင် = မြင့်​မြတ်သော မီးတိမ်တိုက်
ဟော်ရှို့ယွင် = မီးလောင်နေတဲ့ တိမ်တိုက်)

“ပြောသင့်တာပြောပြီးပြီ.. မင်းတို့ဘာသာ မဟုတ်တာလုပ်ထားလို့ လိပ်ပြာမလုံဖြစ်နေတာ..!”

ဟော်လင်းယွင်က ပြန်လည်တုံ့ပြန်လိုက်တယ်။ စကားကုန်အောင် ပြောပြီးပြီဆိုတော့ ရင်းမင်လည်း ဘယ်ဘက်မှာ ရပ်တည်ရမလဲဆိုတာကို သိလောက်ရောပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now