“စွပ်စွဲချင်ရင် သက်သေယူလာခဲ့လေ..!”

ဟော်လင်းယွင်ရဲ့စကားက မှန်တယ်ဆိုပေမယ့် တခြားလူတွေမှ ဒီအကြောင်းကို မသိကြသေးတာ..! အဲ့တော့ ဟော်ရူယန်ကို သူတို့သတ်ခဲ့တယ်ဆိုတာ ဝန်မခံနိုင်ပါဘူး။ ပြီးတော့ ဟော်ရူယန် ဘယ်လိုသေသွားမှန်းမသိသလိုတောင် ပြုမူလိုက်သေးတယ်။

ဒီလိုပုံစံဖြင့် ရွှယ်ယို့ရှန်းက လူအများအမြင်မှာ အပြစ်ကင်းစင်သလို ဟန်ဆောင်လိုက်တယ်။

“ရူယန်က ရေခဲမှော်ကြောင့် သေသွားခဲ့ရတာဆိုပေမယ့် ရင်းဆုယဲ့သတ်တာမဟုတ်ဘူးလို့ မပြောနိုင်ဘူး.. ရင်းဆုယဲ့က လူသတ်သမားငှားခဲ့ရင်ရော..?!”

စုံစမ်းစစ်ဆေးချက်တွေအရ ရင်းဆုယဲ့ကို လူသတ်သမားလို့ စွပ်စွဲလို့မရဘူးဆိုပေမယ့် သူ့ရဲ့စိတ်ခံစားချက်အရ ဒီကိစ္စက ရင်းဆုယဲ့နဲ့ သက်ဆိုင်နေမယ်ဆိုတာကို ဟော်လင်းယွင်တစ်ယောက် အလိုလိုသိနေခဲ့တယ်။ ရင်းဆုယဲ့ရဲ့ ဟော်ရူယန်အပေါ် အပြုအမူတွေက အရင်ကနဲ့မတူဘူး။ အရမ်းကွာခြားလွန်းတယ်။

ထိုအချက်ကြောင့် ရင်းဆုယဲ့အပေါ် သံသယဝင်နေတော့တယ်။

“ဟော်ရူယန်က ကနဦးအဆင့် ၂ မှာလေ.. လင်းစန်းလို မြို့သေးသေးလေးမှာ ရင်းဆုယဲ့က ရေခဲမှော်ပညာရှင်ကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါ့မလား..? ရှာဖွေနိုင်ခဲ့ရင်ရော ရင်းဆုယဲ့အတွက် အလုပ်လုပ်ပေးမယ်ဆိုတာ သေချာလို့လား..?”

(TN : ကောင်းကင်အဆင့်၊ မြေကြီးအဆင့်၊ ကနဦးအဆင့်၊ တော်ဝင်ရွှေရောင်အဆင့် ဆိုပြီးသွားတာပါ။ မမှတ်မိကြမှာစိုးလို့..)

စကားစစ်ထိုးတဲ့နေရာမှာ ရွှယ်ယို့ရှန်းတို့ကတော့ အေးဆေးပဲ။ ဒီလောက်မှ မပြောတတ်ရင် စာရေးဆရာလုပ်ပြီး ဝတ္ထုရေးနေပါဦးမလား..?

“ရင်းဆုယဲ့က ကျုပ်ရဲ့သမီးကို မသတ်ခဲ့ဘူးဆိုရင်တောင် တည်းခိုရိပ်သာမှာ အနိုင်ကျင့်ခဲ့သေးတယ်.. ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ သမီးလေးအတွက် တရားမျှတမှုရှာပေးရမှာပဲ..!”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now