"ငါလည်း မသိဘူး ခြေထောက်ကရောက်သွားတာ..."(smile)

Daraကိုပြုံးပီး ပြောနေတဲ့ Lisaတို့နားကို Jenရောက်လာကာ...

"ဟို ဟိုလေ..."

Lisaတို့ကို စကားလာပြောနေတဲ့ Jenကြောင့်Daraက..

"Jennieနင်က အတန်းမတက်သေးပဲ ဒီမှာ ဘာရပ်လုပ်နေတာလည်း..."

"အဲ့ အဲ့တာကလေ ဒီကတစ်ယောက်ကို တောင်းပန်ချင်လို့ပါ Jenကြောင့်မို့ ဖြစ်သွားရတာ..."

"သိရင်လည်း ပီးရော တစ်နေ့ တစ်နေ့ နင်ပြသာနာရှာတာတေ ရပ်ပါတော့ လား အမြဲတမ်းပြသာမဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ နင်ကြီးပဲ..."

DaraကLisaကို စိတ်ပူပီး Jenကိုဆူလိုက်တာကြောင့် ခနကမျက်နှာငယ်လေးနဲ့ ဖြစ်နေတဲ့ Jenမျက်နှာက ချက်ချင်းတည်သွားပီး Daraကို....

"ကျောင်းအုပ်ကြီး ရှင့်''

"ပြော ဘာလည်း..."

Lisaကတော့ ကျောင်းအုပ်ကြီးဖြစ်တဲ့ Daraကိုတောင် ခပ်တည်တည်ပြန်ကြည့်နေတဲ့ Jenကြောင့် ပြုံးလိုက်ကာ...

*မျက်နှာက ချက်ချင်းပြောင်းသွားတာမြန်လိုက်တာ မင်းက ဘယ်လိုခလေးမျိုးလည်းJennie Kim*

"Jenကိုပဲ အပြစ်မြင်မနေနဲ့ အဲ့တာJenလုပ်တာမဟုတ်ဘူး သူတို့ဘာသာJenကိုလာကြိုက်ကြတာလေ Jenကြိုက်ပါလို့လည်း တစ်ခွန်းမှ မပြောမိပါဘူး Jenမတွဲချင်လို့ ငြင်းရင် သူတို့ကပြသာနာရှာတယ် အဲ့တာကိုJenကငြိမ်ခံရလောက်တဲ့အထိ သည်းခံမနေနိူင်ဘူး ....ပီးတော့ ဒီကတစ်ယောက်Jenကိုကူညီပေးတဲ့တစ်ယောက် ကျေးဇူးတင်ပါတယ် နောက်တခါ အဲ့လိုမကူညီပါနဲ့ Jenကိစ္စ Jenဘာသာဖြေရှင်းမယ်"

"နင် နင်..."

"ပြောစရာကုန်ပီမို့ သွားလိုက်ပါအုန်းမယ် အတန်းဆင်းရင် ရုံးခန်းလာပီး လက်မှတ်လာထိုးပါမယ် ကျောင်းအုပ်ကြီး Sandara Parkရှင့်"

ခါးလေးကို နည်းနည်း ကုန်းပီးအတန်းဖက်ကို လှည့်ထွက်သွားတဲ့Jenကိုကြည့်ကာDaraတစ်ယောက်လက်သီးကိုစုတ်ထားရင်းစိတ်တေတိုကာ...

"တောက်စ် အဲ့အရိုင်းအစိုင်းလေးကတော့....ငါ လုပ်လိုက်ရမကောင်းရှိတော့မယ် ပြောသွားတဲ့အချိုးကိုက..."

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now