*117* သူကအစ်ကို့ရဲ့ယောက်ဖ

Start from the beginning
                                    

ရုန်ယိ "......"

သူ့ရဲ့ အသံနေအသံထားဖြစ်ဖြစ် အမူအယာဘဲဖြစ်ဖြစ် သေချာပေါက်ကို သူ့ဒုတိယအစ်ကိုဖြစ်လေသည်။

ရုန်ယိ သူ့နဖူးသူပွတ်လိုက်မိသည်။ ဒါက မှော်အတတ်တစ်မျိုးမျိုးသာဆိုရင် ဘာကိစ္စနဲ့ သူ့ရဲ့ခေတ်သစ်ကမိသားစုက သူ့ရှေ့မှာပေါ်လာရတာလဲ... ဒါကပုံရိပ်ယောင်ထဲရောက်နေတာဆိုရင်လည်း ဘာလို့ ဒီလောက်အစစ်အမှန်ကြီးဖြစ်နေရတာလဲ...

"ရှောင်ယိ..ငါမင်းကို ယောက်ျားတစ်ယောက်ရဲ့ပုံပြလိုက်လို့ ငါ့ကိုအပြစ်တင်ပြီး ဒီလိုနောက်ပြောင်တာလုပ်နေတာလားဟင်.."
ရုန်ချီရဲ့ မျက်လုံးတွေမှာ ချက်ချင်းနီရဲလာတော့၏။

သူ့ပုံကိုတစ်ချက်ကြည့်လိုက်တာနဲ့ ငိုချတော့မယ်ဆိုတာသိလိုက်ရတာကြောင့် ရုန်ယိ မျက်မှောင်ကြုတ်လိုက်မိပြီး
"ဒါက ဂူလေးတစ်ခုပါဘဲ..လုံခြုံပါတယ်.."

သူ့အသံဆုံးသွားတာနဲ့ တစ္ဆေညည်းသံလိုမျိုး အသံကြီးကိုကြားလိုက်ရလေသည်။ ရုန်ချီက ထအော်ကာ ရုန်ယိနောက်မှာ အမြန်ဝင်ပုန်းလိုက်၏။
"သ..သရဲ.."

ရုန်ယိ သူ့ရဲ့ မိုးကြိုးမီးတောက်ကိုသုံးကာ နေရာတစ်ခုလုံးကိုထိန်လင်းစေလိုက်သည်။ ဒီပတ်ပတ်လည်မှာ သရဲမပြောနဲ့ မြက်ပင်လေးတွေတောင်မှမရှိပေ။
"ဘာသရဲမှ မရှိဘူး..."

ရုန်ချီက ကြောက်ရွံ့နေဆဲဖြစ်ပြီး တုန်ရီနေတဲ့အသံနဲ့
" ရှိ..ရှိတယ်...ငါ ကြားလိုက်တယ်.."

"လေတိုက်တာပါ..အစ်ကိုက ကိုယ့်ဘာသာပြန်ခြောက်နေတာ.."

ရုန်ချီခမျာ သူ့ခြေထောက်တွေက ဂျယ်လီတွေဖြစ်သွားပြီလို့တောင် ထင်လိုက်မိသည်။
"မင်းလိမ်နေတာ... ဒီလိုအသံမျိုးထွက်အောင် တိုက်တဲ့လေသံကို မင်းကြားဖူးလား.."

ရုန်ယိမှာ ခါးသက်သက်ဖြစ်နေတဲ့ပုံနဲ့ ပြန်မေးလိုက်၏။
"သရဲက ဒီလိုမျိုးအော်တယ်ဆိုတာကိုရော အစ်ကိုကြားဖူးလို့လား.."

"တီဗွီထဲက သရဲတွေအကုန်လုံးက အဲ့လိုအသံကြီးတွေလုပ်ကြတာဘဲလေ"

ရုန်ယိမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး
"ဒါတွေအကုန်လုံးက တီဗွီထဲက လှည့်စားထားတာတွေချည်းဘဲ.. တစ္ဆေကျင့်ကြံသူတွေလိုမျိုးဘဲ သရဲဆိုတာက ဝိညာဥ်တွေကို လူတွေက အမည်တပ်ထားတာ...တစ်ချို့တွေက ရုပ်ဆိုးပေမဲ့ များသောအားဖြင့်တော့ သူတို့က လူတွေလိုမျိုးဘဲ.. ဒီလို ညည်းသံကြီးတွေမလုပ်ကြဘူး.. အစ်ကိုလည်း ထင်ရှားတဲ့ကျင့်ကြံရေးမိသားစုကြီးကဘဲလေ..ဒါလေးတောင်မှ မသိဘူးလား.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now