My Heart - intro

2.3K 127 28
                                        

Unicode
သာယာသောနံနက်ခင်းတခု omgeroversကျောင်းတော်ကြီးရဲ့ Alphaတွေရဲ့အဆောင်မှာဆူဆူညံညံဖြစ်လို့နေလေသည် အကြောင်းအရင်းမှာ‌ေကျာင်းရဲ့omega အချောအလှ လေးjung hoseokသူသူငယ်ချင်းရှိရာသို့လာနေခြင်းဖြစ်သည်

“ဝါး ဟျောင့်ကြည်စမ်း ငါတို့ကျောင်းရဲ့အလှလေး ငါတိူ့အခန်း‌ေရှ့လာတယ်ဧကနသူ Alphaစိလာတယ်နေမယ်” ဂျွန်းအပြောကြောင့်ကျွန်တော်လဲ ပြတင်းပေါက်ကိုငေးနေရင်းမှအခန်းရှေ့လှည်ကြည်မိတော့ ဆံပင်‌ငွေမှင်ရောင်လေးကျောင်းဝတ်စုံပေါ်မှာအနီရောင်ကုတ်လေးထပ်ဝတ်ထားပြီး နတ်သက်ကြွေလာတယ်လို့ထင်ရအောင်ကို အရမ်းလှပတဲ့ကောင်လေးတယောက် သူကိုဘယ်လောက်ငေးနေမိလဲမသိဘူး ဘေးကJoonလက်တို့ခေါ်မှအသိပြန်ဝင်လာတယ်

“ငမ်းလှချည်လားငါကောင် ” Joon အပြောကြောင့်Kim taehyungတစ်ယောက်မလုံမလဲဖြစ်သွားပြီးဘေးဘီကိုလှည်ကြည်မိတော့ သူနတ်သားလေးကအတန်းထဲက ကောင်လေးတယောက်နဲ့ နှစ်ယောက်အတူတူပြန်ထွက်သွားတာကိုတွေ့လိုက်တယ်

“အမ် အဲ့လိုမဟုတ်ပါဘူး ဒီလိုပဲ အဆောင်မှာတခါမှမတွေ့မိလိုလေ ”

“အင်းပါကြည်ယုံပဲကြည် သွားတော့မချစ်မိစေနဲ့”

“ ဘာလို့လဲ ” Joon အပြောကြောင့်စိတ်ဝင်တစားပြန်မေးမိတယ်

“မင်းကအခုမှဒီကျောင်းပြောင်းလာတာ‌ဆိုတော့မသိသေးသာ သူနာမည် Jung hoseokလို့ခေါ်တယ်”

“Jung hoseok” နောက်ကသံယောင်လိုက်ခေါ်မိတယ်

“ဟုတ်တယ် သူကငါတို့ကျောင်းရဲ့ ရှားပါးDominant omegaတွေထဲက တစ်ယောက်ပဲ သူကဘယ်သူတွေနဲ့မှမပေါင်းသင်းဘူး Jeon jungkookတစ်ယောက်ကချွင်းချက်ပေါ့ အရမ်းလဲလှသလို စိတ်ဓာတ်လဲမာကြောတယ် ထက်မြတ်တယ် ဘယ်Alphaကိုမှမမှီခိုဘူး သူကomegaဆိုပေမယ့် Alphaတွေနီးနီးသန်မာတယ် သူအနားလဲဘယ်သူမီမကပ်ရဲဘူး ကပ်သမျှလဲ jeon jungkookနဲ့တွေ့တာပဲ”

“သူတို့နှစ်ယောက်ကချစ်သူ‌တွေလား” ရင်ဘက်ထဲတင်းတင်းကျပ်ကျပ်နဲ့ ခံစားရခက်တဲ့ဝေဒနာကိုလှစ်လျှူရှုရင်း မေးလိုက်မိတယ်

“ငါလဲသေချာတော့မသိဘူး သူတို့နှစ်ယောက်ကတပူးပူးတတွဲတွဲဆိုတော့ကျောင်းကလူတွေလဲထင်ကြေးအမျိုးမျိုးပြောနေကြတာပဲ”

My HeartWhere stories live. Discover now