ရှုဝမ်ဟောင် ဗိုက်ကိုလက်နဲ့အုပ်ပြီး ကြမ်းပြင်
ပေါ်ဒူးထောက်နေပေမယ့် လီဟုန်ရွှမ်းကိုမော့ကြည့်လိုက်တဲ့ အကြည့်တွေထဲမှာ အမုန်တရားတွေပြည့်သိပ်နေတယ်...နာကျင်မှုကို သည်းခံပြီး မတ်တပ်ထရပ်ကာ လီဟုန်ရွှမ်းကို တန်ပြန်တိုက်ခိုက်လိုက်လေတယ်....ဒီအချိန်မှာ ဘာဆိုဘာမှမတွေးနိုင်တော့ပေ...သူ့ရှေ့ကလူကို သတ်ပစ်ချင်စိတ်တစ်ခုထဲသာ ကြီးစိုးနေတယ်...ဒါမှသာ ဒီလူ ဆရာ့ကို နောက်ထပ်အရှက်မခွဲနိုင်နေတော့မှာ....
သို့ပေမယ့် ရှုဝမ်ဟောင်သည် လီဟုန်ရွှမ်း၏ ပြိုင်ဘက်မဟုတ်ပေ....
လီဟုန်ရွှမ်းရဲ့ မျက်ဝန်းတွေက သွေးကြောတွေပေါက်ထွက်တော့မတတ်နီရဲနေပြီ....ရှုဝမ်ဟောင်ရဲ့ ရင်ဘက်ကို ခြေထောက်နဲ့နင်းထားရင်း....
"မင်း သေချင်နေပြီလား! !!"
ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ အယ်လန်က ဝင်လဲမဆွဲသလို၊ ရှုဝမ်ဟောင်ကို ထူပေးဖို့လဲ အစီအစဉ်မရှိပေ....
"မင်းသူ့ကို သတ်လို့မရဘူး...မင်းသူ့ကိုတကယ်သတ်ပစ်လိုက်မယ်ဆို ဆရာမင်းကို ဘယ်တော့မှာ ခွင့်လွှတ်မှာမဟုတ်ဘူး..."
ဖြေညှင်းစွာလှည့်ကြည့်လာတဲ့ လီဟုန်ရွှမ်းရဲ့မျက်နှာပေါ်မှာ အေးစက်တဲ့ မဲ့ပြုံးတစ်ခုရှိနေတယ်....လီဟုန်ရွှမ်းရဲ့လေသံက အလွန်တရာလေးနက် အေးစက်နေပြန်တယ်...
"ဒီကိစ္စနောက်ကွယ်က ဉာဏ်ကြီးရှင်ဘယ်သူမှန်း ငါမသိဘူးထင်မနေနဲ့...အမြန်ဆုံးနည်းနဲ့ ငါမင်းကို သတ်မယ်... "
လီဟုန်ရွှမ်းရဲ့ အကြည့်တွေကြောင့် အယ်လန့်ရဲ့ ဉီးရေပြားတွေ ထုံထိုင်းစပ်ဖျဉ်းလာတယ်...ဒါပေမယ့် ဆရာရှိနေတဲ့အတွက် နောက်ဆုတ်လိုက်လို့မဖြစ်သေးပေ....
ဒီအခြေနေထိရောက်လာပြီပဲ...ဘယ်သူကဘယ်သူ့ကိုကြောက်နေရမှာလဲ???
ရှုဝမ်ဟောင်ကို ကြည့်ရတာ ရူးတော့မလိုဖြစ်နေပြီ...လီဟုန်ရွှမ်းရဲ့ခြေထောက်အောက်က လွတ်အောင်ရုန်းနေပေမယ့်လဲ ရုန်းလို့မရတာကြောင့် မျက်ထောင့်နီကြီးနဲ့ လီဟုန်ရွှမ်းကိုမော့ကြည့်လိုက်တယ်...သူ့ပါးစပ်ထဲမှာ သွေးအရာသာတွေထုံလွှမ်းနေပေမယ့်လဲ ဒေါသတကြီးနဲ့ အော်ဟစ်နေဆဲပါပဲ..
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။
အခန်း (33)
Start from the beginning