*114* ဂုဏ်ပြုလက်ဆောင်

Start from the beginning
                                    

စုစီက အမြန်ပြောလာ၏။
"ဆရာတူအစ်မ...သူက ဆရာတူအစ်မကို တမင်သက်သက် ဒေါသတွေထွက်အောင်လာလုပ်နေတာ..သူလှည့်ကွက်ထဲမဝင်သွားစေနဲ့ဦးနော်..ကျွန်မကတော့ သူကမှ ဆရာတူအစ်မဆီကနေပြီး အကျိုးရအောင်လုပ်ချင်နေတဲ့သူလို့ဘဲထင်တယ်"

ကျင်းယွဲ့ယောင်က နှာခေါင်းရှုံ့လိုက်ကာ
"ငါက သူဖြစ်ချင်တာကို ဖြစ်ခွင့်ပေးစရာလား.."

သူမအဘွားရဲ့အကူအညီနဲ့သာဆိုရင် သူမနဲ့ ပိုင်ယွမ်ချန်က စေ့စပ်နိုင်မှာဘဲဖြစ်၏။

ထိုအချိန်မှာ ဂိတ်ဝကတပည့်ကအော်ပြောလာသည်။
"အစောင့်ခေါင်းဆောင်ရှောင်ရဲ့ တပည့်တွေရောက်လာပါတယ်"

လူတိုင်းမှာ တီးတိုးပြောဆိုရင်းနဲ့ တံခါးပေါက်ကိုလှမ်းကြည့်လိုက်မိကြသည်။ ရှောင်ရှင်းကျန့်က တပည့်တစ်အုပ်နဲ့အတူ ခန်းမထဲကိုဝင်ရောက်လာ၏။

"အစောင့်ခေါင်းဆောင်ရှောင်က တစ်ကယ်သဘောထားကြီးတာဘဲ...သူရမဲ့နေရာကနေ ဖယ်ရှားခံလိုက်ရတာတောင်မှ ဒီကိုလာပြီး ဂုဏ်ပြုပေးသေးတယ်"

"ငါကတော့ သူ့စိတ်ရင်းနဲ့ ဂူဏ်ပြုချင်လွန်းလို့လာတယ်လို့မထင်ဘူး..ဒီကို ပြဿနာလာရှာတာဘဲဖြစ်ရမယ်"

ပိုင်ယွမ်ချန်က လူငယ်မျိုးဆက်ကဖြစ်တာကြောင့်မလို့ ဂိုဏ်းချုပ် ၊ ဂိုဏ်းအကြီးအကဲတွေ ၊ ဂိုဏ်းရဲ့ကာကွယ်သူတွေနဲ့ တောင်သခင်တွေ အကုန်လုံးက လူကိုယ်တိုင်မလာခဲ့ကြဘဲနဲ့ သူတို့ကိုယ်စား တပည့်နှစ်ယောက် သုံးယောက်သာလွှတ်ကာ ဂုဏ်ပြုလက်ဆောင်နဲ့ ဆုတောင်းစကားပေးပို့လာကြသည်။ ဒါကြောင့် ထိုကိုယ်စားလှယ်တပည့်တွေအားလုံးပေါင်းမှသာ အုပ်စုတစ်စုဖြစ်နေပေမဲ့လည်း အစောင့်ခေါင်းဆောင်ရှောင်ကတော့ သရုပ်ပြနေသလိုမျိုး လူအုပ်ကြီးနဲ့ရောက်ချလာ၏။

သူက ပိုင်ယွမ်ချန်ရဲ့ရှေ့ကိုလာကာ လက်ဆောင်ပေးလိုက်ပြီး
" ထျန်းရွှီတောင်ထိပိသခင်နေရာမှာ ထိုင်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ဆရာဦးလေးပိုင်...ဒါက ကျွန်တော့်အဖိုးပေးလိုက်တဲ့ ဂုဏ်ပြုလက်ဆောင်ပါ...ခင်ဗျားသဘောကျမယ်လို့ မျှော်လင့်ပါတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now