*114* ဂုဏ်ပြုလက်ဆောင်

Start from the beginning
                                    

ကော်ချိုင်ချင်းက ရုန်ယိရဲ့နောက်ဘက်ကိုကြည့်နေရင်းနဲ့ နှုတ်ခမ်းတွေကွေးကာပြုံးလိုက်သည်။

ရုန်ယိ သူမရဲ့ အကြည့်အတိုင်းလိုက်ကြည့်လိုက်တဲ့အခါ ကျင်းယွဲ့ယောင်ရဲ့ ဒေါသအကြည့်တွေနဲ့ဆုံသွားရ၏။

"ရုန်ယိ ကျွန်မ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ သွားတွေ့လိုက်ဦးမယ်"
ကော်ချိုင်ချင်းက ကျင်းယွဲ့ယောင်ဆီလျှောက်သွားကာ ပြုံးပြလိုက်သည်။
"ငါနဲ့ ရုန်ယိတို့ စကားများရန်ဖြစ်တာမတွေ့ရတော့ နင်မကျေမနပ်ဖြစ်နေတာလား..အင်း..ဖြစ်သင့်ပါတယ်လေ...နောက်ဆုံးတော့လည်း ***ဗိုလ်စားငှက်နဲ့ကမာကောင်တို့ရဲ့ရန်ပွဲကိုမှ နင်မတွေ့လိုက်ရတာ...ငါတို့ကြားကရန်ပွဲကနေပြီးတော့ နင်အကျိုးအမြတ်ရနိုင်တယ်ဆိုတဲ့ တုံးအတဲ့အတွေးမျိုးတွေတွေးမနေစမ်းပါနဲ့.."

[##
snipe-clam struggle***
chinese idiom တစ်ခုပါ ငှက်နဲ့ကမာကောင်တို့က တစ်ဦးနဲ့တစ်ဦးအလျှော့မပေးဘဲ ဖြစ်နေတော့ ကြားက တံငါသည်က နှစ်ကောင်စလုံးကို ဖမ်းသွားတော့တာပေါ့]

ကျင်းယွဲ့ယောင်လည်း ရုန်ယိကိုသတ်ဖို့ကြိုးစားတဲ့အထဲမှာပါဝင်တာ သူမသိသည်။ ဒီမိန်းမက သူမရဲ့မျက်လုံးထဲကစူးကိုဖယ်ရှားဖို့အတွက် ထိုက်ယွမ်ဂိုဏ်းကို လက်ငှားချင်နေတာဖြစ်၏။

"နင်...."
ဒီနေ့က ပိုင်ယွမ်ချန်ရဲ့နေ့ထူးတစ်ရက်ဖြစ်ပြီး အနားမှာလည်း လူတွေအများကြီးရှိနေတာကြောင့်သာမဟုတ်ရင် ကျင်းယွဲ့ယောင်မှာ သူမရဲ့ပုံရိပ်ကိုတောင်ဂရုမစိုက်ဘဲ သူမကိုစတင်တိုက်ခိုက်လိုက်ပြီးနေပြီဖြစ်သည်။

စုစီ "......"
ဒီ ကော်ချိုင်ချင်းက ရင်ဆိုင်ရတာမလွယ်တဲ့အပြင် သူမတို့ရဲ့အတွေးတွေကိုပါ ဖောက်ထွင်းမြင်သိမြင်နေတာဘဲ....။

"ငါက မိန်းကလေးချင်းကိုယ်ချင်းစာလို့ နင့်ကို ဒီကစားပွဲကနေထွက်ဖို့ အကြံပေးလိုက်မယ်....ပိုင်ယွမ်ချန်က ငါ့ကိုမကြိုက်သလို နင့်ကိုလဲမကြိုက်ဘူး...သူ့စိတ်ထဲမှာ ရုန်ယိကသာ အရေးအပါဆုံးတစ်ယောက်တည်းသောသူဘဲ.."
ကော်ချိုင်ချင်းက သူမစကားဆုံးတာနဲ့ လှည့်ထွက်သွားတော့သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now