*114* ဂုဏ်ပြုလက်ဆောင်

Depuis le début
                                    

ပိုင်ယွမ်ချန်က ရုန်ယိရဲ့သဘောကို အကြည့်တွေနဲ့ မေးလာသည်။

ကော်ချိုင်ချင်းက
"စိတ်မပူပါနဲ့...ကျွန်မက ဒီခန်းမထဲမှာဘဲ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပြီး သူနဲ့ထိုင်စကားပြောမှာပါ"

ရုန်ယိ ခေါင်းငြိမ့်လိုက်၏။

ကော်ချိုင်ချင်းက သူ့ကို ခန်းမရဲ့တံခါးနောက်ဘက်က ထောင့်လေးကိုခေါ်သွားပြီး အပြစ်မကင်းတဲ့အမူအယာနဲ့ပြောလာသည်။
"ရုန်ယိ..တစ်ကယ်တော့ ကျွန်မ ရှင့်ကိုတောင်းပန်စကားပြောချင်လို့ပါ..ကျွန်မရဲ့ဆရာတူမောင်နှမတွေက ရှင့်ကို ထိခိုက်အောင်လုပ်လိမ့်မယ်လို့ ကျွန်မမထင်ခဲ့မိဘူး...ကျွန်မ ဒီအကြောင်းတွေသိတာနဲ့ ဒေါသတွေထွက်ပြီး အဘိုးကို သူတို့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးခိုင်းခဲ့ပါတယ်..ကံကောင်းလို့ ရှင်ဘာမှဖြစ်မသွားခဲ့တာ..မဟုတ်ရင်တော့ ကျွန်မတစ်ဘဝလုံး အပြစ်ရှိစိတ်ကြီးနဲ့နေသွားရတော့မှာ"

သူမရဲ့ အပြစ်မကင်းသလိုဖြစ်နေတဲ့မျက်နှာအမူအယာကနေ ရုန်ယိကတော့ ဘာအပြစ်အနာအဆာမှရှာမတွေ့ခဲ့.. သူမက သူ့ကို တစ်ကယ့်စိတ်ရင်းနဲ့ တောင်းပန်နေတဲ့ပုံပင်။ ဒါပေမဲ့လည်း ပိုင်ယွမ်ချန်က သူမကို ဒီလောက်တောင်မှ ကြီးကြီးမားမားမျက်နှာပျက်ရအောင် လုပ်ထားခဲ့တဲ့ဟာကို သူမကလုံးဝစိတ်မဆိုးဘူးဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ..။

လိမ်ညာပြီးပြောနေတာဆိုရင်တော့ သူမက တစ်ကယ့်ကိုသရုပ်ဆောင်ကောင်းလွန်းလေသည်။ ရုန်ယိတောင်မှ သူမမျက်လုံးတွေထဲကနေပြီး ဟန်ဆောင်နေတဲ့အရိပ်အယောင်တွေ ဘာတွေလုံးဝရှာမတွေ့ခဲ့ပေ။

"ဒီစကားတွေက ကျွန်မရဲ့စိတ်ရင်းတွေပါ"
ကော်ချိုင်ချင်းက သိုလှောင်လက်စွပ်ထဲကနေ လက်ဆောင်ဘူးလေးတစ်ဘူးထုတ်ယူလိုက်ပြီး
"ရှင် နောက်ထပ်သားလေးတစ်ယောက်မွေးဖွားပြီးပြီလို့ ကြားတယ်..ဒါက ကလေးနှစ်ယောက်အတွက် ကျွန်မရဲ့ သေးငယ်တဲ့လက်ဆောင်လေးပါ..ရှင်လက်ခံမယ်လို့ မျှော်လင့်ပါတယ်"

ရုန်ယိ ခဏလောက်တုံ့ဆိုင်းနေပြီးမှ လက်ဆောင်ကို လက်ခံယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Où les histoires vivent. Découvrez maintenant