"ဒါလမ်းပဲလေ ဘယ်ကပြေးပြေးပေါ့ ဟားး"

"မင်း မိလို့ကတော့ ထုမှာနော်"

"အရင်မိအောင်လိုက် တာ့တာ"

"Ya !"
.
.
.
"ကဲ သူငယ်ချင်းလေး ဂျီလေး မောင့်သဲလေး ဒီမှာ ဒီနေ့Engဆရာမ ပေးသွားတဲ့ အိမ်စာလေးတွေရေးခဲ့ပါနော် မောင်က ဒီညတော့ လက်မညောင်းတော့ဘူးပေါ့ကွာ မောင့်ချစ်လေးကြောင့် ဟားးး"

"Ya ဘာကိုမောင်လဲ ဘာကိုမောင့်ချစ်လေးလဲ ငါလုပ်လိုက်ရ"

"ဟီးး လက်ရေးလှလှရေးနော် လက်ရေးတူအောင်လဲရေးအုံး"

"အေးပါ နိုင်တုန်းလုပ်ထားအုံးပေါ့ မင်းအလှည့်ကြမှတွေ့မယ်ထယ်လေး"

"အွန်း အခုလဲတွေ့နေရတာပဲကို လွမ်းနေတာလား အိမ်ကနီးနီးလေးကို လွမ်းရင် လာတွေ့လေကွာ"

"Ya !"

"ဟားးး"

မင်းလုပ်ထားအုံးပေါ့ ထယ်လေးရယ် ငါ့မှာလဲနိုင်ကွက်ရှိပါတယ်ကွ ဟဲဟဲ တွေ့မယ် ငါ့အလှည့်ကြမှ Engရော M‌athsရော ရေးခိုင်းပစ်မယ် ဟွန့်

"သား ဂျီလေး ဘာလုပ်နေတာလဲ အိမ်ထဲဝင်မို့မဟုတ်လား"

"အာ Kim Omma မဟုတ်ပါဘူး သားရေချိုးပြီးမှလာခဲ့တော့ ဒါနဲ့ဘာဝယ်လာတာလဲ Omma"

"ဒါလား သားလေးတို့ကြိုက်တဲ့ဖက်ထုပ်လုပ်ပေးမို့လေ သွားဝယ်တာ စောစောလာခဲ့နော် သားဂျီလေး"

"Nae..!သားအခုပဲရေပြေးချိုးပြီးပြန်လာခဲ့ပါ့မယ် သွားလိုက်ပါအုံးမယ် ခနနေမှပြန်တွေ့ပါ့မယ်"

အေးပါကွယ် တယ် ဒီကလေးနဲ့တော့ တစ်ကယ် ထယ်လေးနဲ့လိုက်လဲလိုက်ပါ့ ညီကိုတွေလို့မပြောရဘူး မုန့်ဆိုတာနဲ့ လာထားပဲ

"Omma ဘယ်တွေသွားနေတာလဲ သားကလိုက်ရှာနေတာအိမ်ထဲမှာ"

"လမ်းထိပ်ခဏသွားတာပါ ထယ်လေးရယ် ဒီညသားတို့ကိုဖက်ထုပ်လေး လုပ်ပေးမလို့လေ ဂျီလေးကိုတောင်ခြံရှေ့မှာတွေ့ခဲ့သေးတယ်"

"ဟမ် သူကအခုထိမသွားသေးဘူးလား သားကိုကျိန်ဆဲနေတာနေမယ် စာရေးခိုင်းလို့ ဟားးး"

"သားရယ် ဘာလို့ဂျီလေးကိုအနိုင်ကျင့်နေတာလဲ"

"Ommaကလည်း သားကအနိုင်မကျင့်ပါဘူး ကစားပွဲတစ်ခုမှသူကရှုံးသွားလို့ပါ ဟီးးး"

~~~ မူပိုင်~~~ (Completed)Tempat cerita menjadi hidup. Temukan sekarang