စကားတပြောပြောနဲ့လမ်းလေးလျှောက်ပြီးပြန်လာကြတဲ့ ထယ်ဂျီဂျွန်

"မင်းပြောတဲ့အိမ်က သိသလိုပဲ ငါတို့လမ်းရဲ့အနောက်လမ်းမှာပဲ"

"ဟုတ်လား အဲ့တာဆို စာလုပ်ရင် ငါမင်းတို့အိမ်လာလို့ရလား ဂျီလေး"

"ရတာပေါ့ နော် ထယ်လေး"

"ဒါပေါ့ ငါတို့အတူတူစာလုပ်ကြမယ် ဒီနှစ်ကိုအမှတ်များများနဲ့အောင်အောင်ကြိုးစားကြမယ်"

"အဲ့တာဆို နောက်ရက်ကြရင် ဟုတ်ကိုလဲပြောကြမယ်လေ ငါတို့လေးယောက်အတူတူစာလုပ်လို့ရအောင်"

"Ok..."

"အခုပြေးကြရအောင် လမ်းလျှောက်ရတာပျင်းတယ် ဂျွန် ငါတို့မင်းလမ်းခွဲထိပြေးကြမယ် ပြေးနိုင်လား ငါနဲ့ဂျီလေးနဲ့ကပြေးကြဆိုတော့ အကြောင်းမရှိဘူး"

"Ok...ငါလဲပြေးနိုင်တယ် စကြမလား"

"1..2..3..ပြေး"
.
.
.
ဟော့ဟဲ... ဟော့ဟဲ...

"Ya နေ့တိုင်းဒီလိုပြေးမယ်ဆိုရင် ငါတို့တွေ သက်လုံအားကောင်းမယ်ဆိုတာ ငါပြောရဲတယ် ထယ်လေး"

"အရပ်လဲရှည်လာနိုင်တယ်မဟုတ်လား Joon"

"ကြိမ်းသေတာပေါ့ အခုလောလောဆယ်တော့ ငါရေမတရားဆာနေတဲ့အတွက်ကြောင့် အိမ်ကိုပြေးပြီ တာ့တာ ထယ်လေးနဲ့ဂျီလေး မနက်ဖြန် ဒီနေရာမှာဆုံကြမယ်ကျောင်းအတူတူသွားမယ်"

"Ok...."

"ထယ်လေး Joonလဲ သွားပြီဆိုတော့ ငါတို့ အိမ်ကိုထပ်ပြေးကြမလား "

"ပြေးအုံးမို့လား မမောဘူးလား ဂျီလေး"

"မမောပါဘူး အရပ်ရှည်တယ်ဆို ပြေးရင် အဲ့တော့များများပြေးရမယ် ငါက မောင့်ထက်အရပ်ရှည်ချင်တာ"

"ဟားးငါတော့မထင်ဘူး ငါထက်ရှည်မယ်လို့"

"မောင်နော်"

"Ok..ပြေးကြတာပေါ့ နောက်ကျတဲ့လူ ဒီနေ့အိမ်စာတွေရေးပေးကြေး"

"Okလေ"

"Ok...1..2...3...ပြေး"

"ထယ်လေး မင်းမညစ်နဲ့နော်"

"ငါဘယ်မှာညစ်လို့လဲ ဂျီလေး"

"ဘာလို့အရှေ့ကနေပိတ်ပြီးပြေးနေတာလဲ"

~~~ မူပိုင်~~~ (Completed)Tahanan ng mga kuwento. Tumuklas ngayon