"ဟုတ်ပါ အခုကြတော့ ခုနကစိတ်ကောက်နေတာ သူမဟုတ်သလိုပဲ မုန့်တွေခွံ့ကျွေးနေလို့ပါလား ညီမရေ..."

Omma....    ****(ထယ်ဂျီ)***

"ကဲကဲစားကြစားကြ ပြီးရင်လွယ်အိတ်သွားဝယ်ရအုံးမယ် နောက်တစ်ခါရန်ဖြစ်ရင် မုန့်ဖိုးလျော့မယ်နော် နှစ်ယောက်လုံး"

"Nae...."

သိတာပေါ့ ဟွန့် ဒီအစားပုတ်နှစ်ယောက်မုန့်ဖိုးလျော့မှာ သေမတက်ကြောက်တာကို

"အစ်မဘာတွေပြုံးနေတာလဲ"

"ဟမ် မဟုတ်ပါဘူး ဒီလိုပဲ..." ***

"အဲ့တာပဲ ဟိုတစ်နေ့က အထက်တန်းဘက်ကအစ်ကိုကြီးတွေ ငါ့ကိုလိုက်စလို့ ထယ်လေးထိုးလွတ်လိုက်တုန်းကလဲ နှစ်ယောက်တစ်ယောက်ဆိုတော့ ငါပါဝင်ကူညီရင်း ရုံးခန်းရောက်သွားတာ မိဘခေါ်ခံရလို့ မုန့်ဖိုးဖြတ်သွားတယ် မတရားဘူးမှတ်လား seokလေး ငါတို့က ဒီတိုင်းငြိမ်ခံနေရမှာလား"

"အေးလေ နောက်တစ်ခါမုန့်ဖိုးဖြတ်ရင် ငါကအိမ်ကနေမုန့်ဖိုးပိုတောင်းခဲ့မယ်လေ"

"တကယ်လား ဟုတ်"

"အင်းတကယ်ပေါ့ ထယ်လေးရဲ့"

"အဲ့တာဆို ဟိုတစ်နေ့က ငါထိုးဖို့ကျန်ခဲ့တဲ့လူကိုသွားတွေ့ရအောင်"

"ဘာလို့ဖို့လဲထယ်လေး"

"ထိုးမလို့ပေါ့ ဂျီလေးရ"

"ဟာ မဟုတ်သေးဘူးလေ"

"ဘာလို့မဟုတ်ရမှာလဲ ဟုတ်က မုန့်ဖို့ပိုယူလာပေးမှာကို ငါတို့ကိုမုန့်ဖိုးဖြတ်လဲအေးဆေးပေါ့"

"မဟုတ်ဘူးလေ ထယ်လေးရယ် ငါကမင်းတို့ကိုကူညီချင်တာလေ ရန်ဖြစ်ခိုင်းတာမဟုတ်ဘူးလေကွာ ဒီတစ်ခါတော့ထားလိုက်တော့ နောက်တစ်ခါဆို ငါပါဝင်ထိုးမယ်ကွာ"

"တကယ်လား ဟုတ်"

"တကယ်ပါကွာ စိတ်လျော့..."

တောင် တောင် တောင် တောင်

"အော် ကျောင်းခေါင်းလောင်းတောင်ထိုးပြီ သွားရအောင်အတန်းထဲ"

"Ok သွားကြမယ် "

"Ya !မပြေးကြနဲ့လေ ငါ့ကိုလဲစောင့်ကြအုံး"

~~~ မူပိုင်~~~ (Completed)Where stories live. Discover now