"ဟယ် သားလေး ဘာဖြစ်တာလဲ ဂျီလေးရယ်"

"Kim Omma ထယ်လေးက သားကိုအော်တယ် ပြီးတော့ လာမခေါ်နဲ့လို့လဲပြောတယ် ဟင့် ဟင့်.."

"သားထယ်လေးရယ် ဘာတွေဖြစ်ကြတာလဲ"

"သူပေါ့Park Ommaရယ် အိမ်မှာပြောတော့ မုန့်အရင်စားမယ်ဆိုပြီး အခုကြတော့ မစားဘူး လွယ်အိတ်အရင်ဝယ်မယ်တဲ့လေ..."

"ကြည့် ကြည့် မင်းတို့တွေ ကလေးတွေလာငါ့ကိုပြော"

"Ommaကလဲ သူကပြောတဲ့အတိုင်းမှမလုပ်တာ"

"တွေ့လား တွေ့လား ဂျီလေးတောင်မဟုတ်တော့ဘူး သူတဲ့ Kim Omma"

"မင်းး!"

"ဗြဲ...ငါကမောင်စားချင်တဲ့မုန့်ကိုအရင်စားမှာမို့လို့ ငါ့ကိုပြန်ခေါ်လို့မရဘူးလား ဗြဲ...ဗြဲ..."

"သားထယ်လေးရယ် ဂျီလေးက မုန့်အရင်စားမယ်တဲ့လေ အဲ့တော့ သားလေးက နည်းနည်းလျော့ပေးပြီး ပြန်ခေါ်လိုက်ပါလားကွယ်"

"Nae..Park Omma"

"လာသွားမယ် မုန့်သွားစားမယ်"

"အွန်းးး"

မုန့်သွားစားဖို့ တစ်ယောက်က တစ်ယောက်လက်ကိုဆွဲခေါ်သွားတဲ့ မြင်ကွင်းကိုကြည့်ပြီး Kim Ommaနဲ့ Park Ommaမှာ

"အစ်မရေ ကျွန်မတို့မှာ လိုချင်တာလေးတွေ့လို့ ခဏလေးမေ့သွားတာ အခုတော့ အော်ကြီးဟစ်ကျယ်နဲ့ တစ်ယောက်ကထငို တစ်ယောက်ကစိတ်ကောက်နဲ့ နောက်တစ်ခါသူတို့ကိုနှစ်ယောက်ထဲလွတ်ထားလို့မရတော့ဘူး"

"ဟုတ်ပါ့ကွယ် ကဲကဲလာလာ အခုလဲ သူတို့နောက်လိုက်မှ နောက်မို့ဆို မုန့်ဆိုင်မှာရန်ထဖြစ်နေကြမလားမသိဘူး"

ဒီတစ်ခါတော့ သူတို့ထင်တာနဲ့ ဆန့်ကျင်ဘက်ပင်..."

"ထယ်လေး ဒါစားကြည့်ကောင်းတယ်"

"အွန်းးဟုတ်တယ်နော်"

"ဂျီလေးလဲဒါစားကြည့် အသီးတွေအများကြီးပါတော့ စားလို့ကောင်းတယ်"

"အွန်းးအရမ်းကောင်းတယ်နော် ထယ်လေး"

"အင်းး ဟီးးး "

"ဟီးးး"

နတ်သုဒ္ဒါနဲ့ ဒူးရင်သီးဖျော်ရည် စားနေကြတဲ့ ထယ်လေးနဲ့ဂျီလေး

~~~ မူပိုင်~~~ (Completed)Where stories live. Discover now