"ငါ့နာမည်က Jung Hoseok အိမ်မှာHopeလို့ခေါ်တယ် ငါ့ကိုလဲ ဟုတ်လေးလို့ခေါ်လို့ရတယ် အဲ့တာဆို ငါသူငယ်ချင်းဖြစ်သွားပြီပေါ့နော်"

"ဒါပေါ့ လာလေ ငါတို့နဲ့လာထိုင် မင်းကဘယ်အခန်းကလဲ"

"ငါက...အခန်းက"

"ငါတို့နဲ့အခန်းအတူတူပဲ"

"ဟီးးဟုတ်တယ် ငါကမင်းတို့အနောက်ကခုံမှာထိုင်တာ ငါမင်းတို့နဲ့လာထိုင်လို့ရမလား ငါ့ကို ငါနဲ့ထိုင်တဲ့ လူတွေက စကားမပြောကြဘူး"

"ဟုတ်လား ငါသွားထိုးလိုက်ရမလား"

"ထယ်လေးရယ် မလုပ်ပါနဲ့ ပြသာနတက်ရင် ငါတို့မုန့်ဖိုးအဖြတ်ခံနေရမယ်လေ ငါတို့အဖြတ်ခံရတာများနေပြီလေကွာ..."

"အေးပါကွာ အဲ့နှုတ်ခမ်းကြီးဆူဆူမလာစမ်းပါနဲ့ ငါ့လဲလာထိုးမိတော့မယ်"

"ထယ်လေးကလဲ"

"မင်းတို့က ဘာလို့မုန့်ဖိုးအဖြတ်ခံရတာလဲ"

***"အဲ့တာကဒီလို.."

"လွယ်အိတ်သွားကြမယ် ကလေးတို့"

"ရေးးးဂျီလေး ငါတို့ဟိုရောက်ရင် မုန့်အရင်စားကြမယ်လေ"

"အင်း ထယ်လေးသဘော"

"ကဲကဲ သွားကြမယ်"

Mrs.Kim , Mrs.Parkတို့နဲ့အတူ သူတို့ရဲ့သားလေးတွေလဲဈေးဝယ်ထွက်ကြလေသည်။**(ဒီနေ့က တင်ဂွေနွနေ့လေဘေ)**

"ကဲကဲ ကလေးတွေ ဖြည်းဖြည်းသွားနော် ချော်လဲမယ် "

လိုချင်တာရတော့မယ်ဆိုတော့ ပျော်နေတဲ့ထယ်ဂျီနှစ်ယောက်

"ဂျီလေး ငါတို့မုန့်စားကြမယ်လေ"

"ထယ်လေးကလဲ ငါတို့ဈေးအရင်ဝယ်ပေးမယ်"

"မင်း ငါ့ကိုပြောတော့ မုန့်အရင်စားမယ်ဆို"

"လွယ်အိတ်အရင်ဝယ်တော့ ဘာဖြစ်လို့"

"ဂျီလေး မင်းအိမ်မှာပြောတော့ မုန့်အရင်စားမယ်ဆို !"

"မောင် မင်းငါ့ကိုအော်တာလား"

"ဟုတ်တယ် ကတိကိုမတည်ဘူး ငါ့ကိုစကားလာမပြောနဲ့"

"မောင် မောင်... ဝါးးး..ဗြဲ... Ommaရေ Omma.."

~~~ မူပိုင်~~~ (Completed)Where stories live. Discover now