"တော်တော့ မောင်! ရူးသွားတာလား ငါကမင်းသမီးမဟုတ်ဘူး ဖယ် ငါအောက်ဆင်းတော့မယ် Kim Ommaကိုဝိုင်းကူပေးလိုက်အုံးမယ်"
"နေပါအုံးကွာ..."
နေပါအုံးဆိုကာ Jiminieလက်ကိုဆွဲပြီးနံရံကပ်ခါ
"ဘာလဲကွာ..."
"ညကျ မင်းအိမ်မှာသွားအိပ်ကျမယ်လို့ပြောမလို့ပါကွာ သွားတော့ ငါရေချိုးပြီးဆင်းခဲ့မယ်"
"အဲ့တာဆို ငါမင်းစာတွေမရေးပေးရတော့ဘူးပေါ့"
"မဟုတ်ပါဘူး ရေးပြီးမှာ သွားကြတာပေါ့"
"ဟွန့်"
ဒုန်းးး **(တံခါးပိတ်သံပါ ဟီးး)***
ဘာလဲ ဘာဖြစ်တာလဲ ခုနကထယ်လေးအနားကပ်လာတုန်းက ဒီရင်ဘတ်ကြီးက ဘာဖြစ်နေတာလဲ ဒါဘာသဘောလဲ အားးဂျီလေး မင်းရူးသွားပြီ ဒီလိုမျိုးက ထယ်လေးစနေကြကို ဟားး ဟားး တော်ပြီ Kim Ommaကိုသွားကူပေးလိုက်အုံးမယ်...
နံရံတစ်ဘက်ကကောင်လေးမှာလဲ
ဘာလဲ ဒီခံစားချက်ကြီးက တကယ်ပဲနမ်းမိတော့မလို့ အရင်းကနမ်းနေကြဆိုပင်မဲ့ ဒီနေ့မှာ ထူးထူးခြားခြား နှုတ်ခမ်းကိုပဲနမ်းချင်နေမိတယ် ဘာကြောင့်လဲ သူစကားပြောလာရင် ဆူဆူထွက်လာတဲ့နှုတ်ခမ်းလေးကြောင့်များလား အဲ့တာကြောင့်ဆို နမ်းမိရင် ငါ့အပြစ်တော့မဟုတ်ဘူးမှတ်လား ဂျီလေးးး...
ဒီအရွယ်ကသစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တက်နေတဲ့အရွယ်ဆိုတော့ ဒါကိုအချစ်လို့သတ်မှတ်လို့ရသလို စိတ်ကစားတာလဲဖြစ်နိုင်တယ်မဟုတ်လား ဖြူစင်တဲ့အချစ်ကိုအရောင်ဆိုးရကောင်းမှန်းးမသိသေးတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံစကားလေးတွေပေါ့ ဘယ်သူ့မှမသိနိုင်တဲ့ သူတို့ရဲ့ ဖြူစင်တဲ့ရင်ခုန်သံလေးတွေ ဘယ်ချိန်မှအရောင်ပြောင်းမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးမဟုတ်လား သူငယ်ချင်းကနေချစ်သူ ရည်းစားဖြစ်ချင်ရင် နှစ်ယောက်ထဲကတစ်ယောက်က ခြေတစ်လှမ်းအရင်လှမ်းနိုင်ရမယ်ဆိုတာတော့ မကြာခင်သိလာကြတော့ပေမည်....။
########### (¬、¬) ###########
🐯🐣
YOU ARE READING
~~~ မူပိုင်~~~ (Completed)
Part 4
Start from the beginning