ချန်ဇီမင်း လန့်ဖြန့်သွားပြီး မြန်မြန်ဒူးထောက်လိုက်တယ်....

"နှိမ့်ကျတဲ့ကျွန်တော်မျိုး ဒီလိုကြီးလေးတဲ့တာဝန်ကို မထမ်းဆောင်နိူင်မှာစိုးရွံ့မိပါတယ်... "

အရှင်က​တော့ အရေးမထားဟန်နဲ့....

"ရတယ်....မောင်မင်းက သံတမာန်တွေအကုန်လုံးကို ညွှန်ကြားရုံပဲ...ကိုယ်တော့် မှာ အစီစဉ်ရှိပြီသား..."

ချန်ဇီမင်း အလွန်ထိတ်လန့်သွားပြီး....

"ကျွန်တော်မျိုးက ယုအမတ်အဖြစ် ခန့်အပ်ခံရပေမယ့် ကျွန်တော်မျိုးရဲ့ သိုင်းပညာက သာမာန်အဆင့်လောက်ပဲဆိုတော့.စိုးရွံ့မိပါတယ်...... "

အရှင် သူ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်နေတာကြောင့် မြန်မြန်ပါးစပ်ပိတ်နေလိုက်ရတယ်..

"မောင်မင်းဆိုလိုချင်တာတဲ့သဘောက ဒီလိုလူမျိုးကို တပ်မှုးအဖြစ် ကိုယ်တိုင်ခန့်အပ်လိုက်တဲ့ ငါကိုယ်တော်က ရူးနေလို့ပေါ့...."

ချန်ဇီမင်း ပြန်မဖြေဝံ့တာကြောင့် ခေါင်းငုံ့ပြီးရင်း ခေါင်းငုံ့နေရတယ်....

အရှင်က ထိုင်နေရာကနေ လမ်းထလျှောက်လိုက်ရင်း....

"ဒါဆိုလဲ မောင်မင်းကိုယ်တိုင် နှုတ်ထွက်စာတင်လိုက်တော့...လောကမှာအရည်အချင်းရှိသူတွေ အများကြီးရှိသေးတာပဲ...အရည်အချင်းမရှိတဲ့ သူတွေအတွက်တော့ အကောင်းတွေနဲ့ မထိုက်တန်တာသဘာဝပဲ...."

ချန်ဇီမင်း အံကြိတ်ထားလိုက်မိတယ်..
နောက်ဆုံးတော့လဲ သူ့နှလုံးသားထဲက လူငယ်တစ်ယောက်ရဲ့ စိတ်ဝိဉာဉ်က်ို ဖိနှိပ်မထားနိုင်ခဲ့ပေ.....

တစ်လလုံးလုံး အေးချမ်းသာယာနေတာကြောင့် ချန်ဇီမင်း သူ့ကိုယ်သူ အတွေးလွန်နေမှန်း နားလည်လာခဲ့တယ်....

သစ်သားမျောက်ရုပ်လေးက အခွင့်မရှိဘဲ နန်းတွင်းထဲ မဝင်ဖို့နဲ့ မောင်းမဆောင်နဲ့ အဆက်အသွယ်မလုပ်ဖို့ သတိပေးတာလဲ ဖြစ်နိုင်တာပဲ....

သိပ်မကြာခင်မှာပဲ ဧာရာဇ်ရဲ့ ဘိုးဘေးကန်တော့ခြင်း ခရီးစဉ်စတင်ခဲ့တယ်....ဧကာရာဇ်က သူနဲ့အတူ အရပ်ဘက် အရာရှိ ဒါဇင်ပေါင်းများစွာကိုပါ အတူခေါ်ဆောင်လာပေမယ့် အစောင့်အရှောက်အဖြစ် စစ်သူကြီးတွေ တပ်မှုးတွေ အရာခံတပ်မှုးတွေကို ကျော်လွန်ပြီး ချန်ဇီးမင်း ဉီးဆောင်တဲ့ ​မြင်းတပ်သား ငါးထောင်ကိုသာလျှင် တာဝန်ခန့်အပ်ခဲ့တယ်....

General OrderWhere stories live. Discover now