အခန်း (32)

Start from the beginning
                                    

တကယ်တော့လဲ...သူ့အခြေနေက လီဟုန်ရွှမ်းနဲ့ မထူးမခြားနားပါပဲ......

ဆရာက လီဟုန်ရွှမ်းကိုကြောက်နေသလို အယ်လန့်ကိုလဲ မယုံကြည်တော့ပေ.....

ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် အတိတ်ကိုပြန်သွားပြီး အယ်လန် သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းလိုက်ချင်တယ်....ဒီလိုမှန်းသာကြိုသိခဲ့ရင် အစကတည်းက ဆရာ့ကို ဒီလိုညစ်ညမ်းတဲ့နည်းလမ်းတွေမသုံးဘဲ စိတ်ရှည်လက်ရှည် ပိုးပန်းခဲ့မှာပါ.....

အယ်လန် ခါးသက်စွာရယ်မောလိုက်တယ်...ရှဲ့ဟယ် ကြည့်လိုက်တဲ့အခါ အယ်လန့်ရဲ့ မျက်ဝန်းပြာပြာတွေထဲမှာ ရိုးသားမှုတွေပါဝင်နေတယ်....

"တောင်းပန်ပါတယ်....ကျွန်တော် အရင်တုန်းကတည်းကဆရာ့ကို အဲ့လိုတွေမဆက်ဆံခဲ့သင့်ဘူး....ကျွန်တော်  ဆရာ့ကို တကယ်သဘောကျနေပြီ...."

ရှဲ့ဟယ် စကားပြန်မပြောခဲ့ပေ....သူ့အကြည့်တွေထဲမှာ ဒီစကားတွေက အယ်လန့်ရဲ့ လှည့်ကွက်အသစ်တွေများလားဆိုပြီး စဉ်းစားနေတဲ့ အရိပ်အယောင်တွေပါဝင်နေတယ်....

ဒီအကြည့်တွေကြောင့် အယ်လန့် ရင်ဘတ်တစ်ခုလုံးစို့နင့် တင်းကြပ်လာပေမယ့် အားတင်းပြီးပြုံးထားလိုက်တယ်...

"ဆရာ ကျွန်တော့်ကို မယုံပေမယ့် ဆရာ့ကို ကူညီချင်နေတုန်းပဲ...လီဟုန်ရွှမ်း တစ်ခုခုခြိမ်းခြောက်ထားလို့ ဆရာ သူ့အနားမှာ နေပေးနေတာမလား...ကျွန်တော်ကို့ပြောပြပါ..ကူညီနိုင်တာမျိုးဖြစ်ရင်လဲ ဖြစ်နေနိူင်တာပဲ...."

ဒါဟာ...အစတုန်းက အယ်လန့်ကို ခွာထုတ်ဖို့ ဆရာ လီဟုန်ရွမ်းကို ရွေးခဲ့သလိုပဲလေ....အခု အယ်လန်ကလဲ တူညီတဲ့နည်းလမ်းနဲ့ပဲ လီဟုန်ရွှမ်းကို ခွာထုတ်တော့မယ်...

သို့ပေမယ့် ရှဲ့ဟယ်က ခေါင်းခါပြနေတယ်....

"ဟင့်အင်း...သူ ငါ့ကို မခြိမ်းခြောက်ပါဘူး..သူငါ့ကိုကူညီထားလို့ ငါ့သဘောနဲ့ငါ နေနေတာပါ...."

အယ်လန့်ရဲ့ အကြည့်တွေမှုန်မှိုင်းသွားသလို လေသံကလဲ ပိုပြီးနူးညံ့လာတယ်...

"ဒါဆို ဆရာပြောချင်တာက သူ့ကိုကျေးဇူးဆပ်ချင်လို့ သူ့အနားမှာနေနေတယ်ပေါ့....ဒါဆိုကျွန်တော်လဲဆရာ့ကို ကူညီမယ်...ကျေးဇူးပြန်ဆပ်စရာမလိုဘူး...ကျွန်တော် ဆရာ့ကို ပိုးပန်းဖို့ အခွင့်ရေးတစ်ခုလောက်ပေးပါလား..."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now