Prologue

1.6K 166 12
                                    

Unicode

ဒီမြို့နာမည်က Kuraတဲ့

မြို့အဝင်မှာရှိတဲ့ ဆာကူရာပင်တန်းကြီးတွေကြောင့် အစွဲပြုခေါ်သည်တဲ့လေ ...။
ထိုမြို့ရဲ့အကျယ်အဝန်းက ပုံမှန်ရပ်ကွက်တစ်ခုစာလောက်ပဲရှိသည်..

မြို့အဝင်ရဲ့ဆာကူရာတွေကတော့ ထိုမြို့လေးကိုစိတ်ကူးယဉ်ဆန်ဆန်လှပစေတဲ့အရာတစ်ခုဖြစ်သလိူ မြို့စွန်က မြစ်သည်လဲထိုမြို့ရဲ့စွဲဆောင်ရာဖြစ်လေသည်...

လူနေကျဲပါးခြင်းလဲမဟုတ်သလို လူနေထူထပ်ခြင်းလဲမရှိသေးတဲ့ မြို့ငယ်တစ်ခုဖြစ်သည်...။

မြို့လယ်ခေါင်တည့်တည့်မှာ ဘုရားကျောင်းဝန်းအကြီးကြီးရှိသလို အတော်ကိုကြီးမားလွန်းပီး ဘာသာပေါင်းစုံအတွက် စေတီပုထိုးဘုရားကျောင်းများစွာရှိသည်.. ။

မြို့ရဲ့တစ်ခုတည်းသော ဈေးရုံကြီးက ဘုရားကျောင်းဝန်းကြီးရဲ့ တစ်ဖက်ခြမ်းတွင်ရှိသည်...။

ပြဇာတ်ရုံသည် မြို့စွန်နားမရောက်ခင်တွင်ရှိ၍ မြို့နယ်ဆေးရုံသည်ကား မြို့စွန်ကမြစ်ဘေးနားတွင်ရှိသည် ...

မြို့ရဲ့ အကြီးမားဆုံးဧရိယာသည် ထိုမြို့ရဲ့ပညာရေးကျောင်းဝန်းဖြစ်သည် မူလတန်းကလေးမှ အထက်တန်းထိ အရွယ်စုံ လူစုံ တက်ရောက်သော ကျောင်းဆောင်ပေါင်းများစွာနှင့် ကျောင်းဝန်းကြီးက လူနေအိမ်တို့နှင့် ဆေးရုံကြီးကိုဖြတ်ကျော်ကာ မြစ်ကိုပါဖြတ်၍ မြို့ရဲ့အဆုံးသတ်နေရာတွင်တည်သည်... ။

မြို့ငယ်တစ်ခုပင်ဖြစ်ပေမယ့် သေးနုပ်သည်တော့ မဟုတ်အောင် စိတ်ကူးယဉ်ဆန်ဆန်လှသည်...

" အဟက် စိတ်ကူးယဉ်ဆန်လှချည်လား...."

ဆောင်းညလယ်မှာ ဝရန်တာထွက်ကာထိုင်နေသော အချိန်ကြာညောင်းလေပီမို့ ထုံကျင်နေသော လက်ဖျားတို့နှင့် စာအုပ်မျက်နှာဖုံးကို ပိတ်လိုက်သည်.. လရောင်အားကိုးနဲ့ မြင်နေရသော ဝန်းကျင်ဟာ ဖြူလွှလွှကျဆင်းနေသော နှင်းပွင့်တို့အောက်တွင်ဖြူစင်စွာ လှပနေသည်..။

သောက်လက်စကော်ဖီခွက်ဟာအေးစက်နေပြီ..။ ကော်ဖီခွက်နှုတ်ခမ်းဖျားတွင် ပေနေသော ကော်ဖီနှစ်တချို့ဟာခဲနေလေပြီ...

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now