ဒီလူအုပ်ကြီးက ရင်းဆုယဲ့ကို ဒီလိုအူကြောင်ကြောင်အကြည့်မျိုးနဲ့ စိုက်ကြည့်နေရအောင် ရင်းဆုယဲ့က ‘ကမ္ဘာမြေကြီး ထက်ခြမ်းကွဲပြီး ကောင်းကင်ကြီး တုန်ဟီးလောက်တဲ့’ ဇာတ်ကွက်မျိုး လုပ်လိုက်လို့လား..? ရွှယ်ယို့ရှန်းလည်း သိချင်စိတ်ပြင်းပြလာခဲ့လေတယ်။

“လူတစ်ယောက်ကို သတ်လိုက်တာပါ..”

ရင်းဆုယဲ့က အမှန်အတိုင်း ပြန်ဖြေလိုက်တယ်။ သို့သော်ငြား သူ့ရဲ့လေသံက ပေါ့ပါးတည်ငြိမ်လွန်းနေပြီး လူသတ်ထားတာ သူ မဟုတ်သလိုပဲ။

“အို့..”

ရွှယ်ယို့ရှန်းက သူနားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်။ အဲ့တော့ ရင်းဆုယဲ့က လူသတ်လိုက်တာပေါ့..?

ဒီကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်ဆင်ထားပြီးသား။ ပြောရမယ်ဆိုရင် ဗီလိန်ကြီးရင်းဆုယဲ့ဆိုတာကို သိပြီးကတည်းက ဒီလိုအခြေအနေမျိုးအတွက် စိတ်ပြင်ဆင်ထားခဲ့တယ်။ အဲ့တာကြောင့် ဟော်ရူယန်ကို ရင်းဆုယဲ့သတ်လိုက်တဲ့အချိန် ‘ကြောက်လန့်တုန်လှုပ်’တယ်ဆိုတာထက် ‘သံသယစိတ်တွေ’ ပိုများနေခဲ့ရတယ်။

အခုလို ရင်းဆုယဲ့က သူ့ကိုရန်စလာတဲ့လူတွေကို သတ်ပစ်လိုက်တော့မှပဲ ပုံမှန်ကိစ္စလို ခံစားလိုက်ရတော့တယ်။ လူမသတ်တဲ့ဗီလိန်က ဗီလိန်ကောင်းတစ်ယောက် ဟုတ်ပါဦးမလား..? ပြီးတော့ လက်ရှိရင်းဆုယဲ့က ပြန်လည်မွေးဖွားလာခဲ့တဲ့ လူသတ်တဲ့နေရာမှာ မျက်တောင်မခတ်တဲ့ သူ့ဝတ္ထုထဲက မကောင်းဆိုးဝါးကြီးပဲလေ။ လက်ရှိအခြေအနေမျိုးမှာ တစ်ယောက်တည်း သတ်လိုက်တာကိုက အရမ်းထိန်းသိမ်းလွန်းရာ ရောက်နေပြီ။

“……………..”

ပတ်ဝန်းကျင်က လူအုပ်ကြီးလည်း သူတို့ရှေ့မှာရပ်ပြီး လူသတ်တဲ့အကြောင်းကို ဘာမဟုတ်တဲ့ကိစ္စလိုမျိုး ပြောနေကြတဲ့ လူနှစ်ယောက်ကို ကြောက်ရွံထိတ်လန့်စွာ စိုက်ကြည့်နေကြတော့တယ်။ နေရောင်အောက်မှာ ရပ်တန့်နေကြပေမယ့်လည်း နွေးထွေးမှုကို မခံစားရတဲ့အပြင် သူ့တို့ရဲ့ ခန္ဓာကိုယ်တွေက တဖြည်းဖြည်း အေးစက်လာသလို ခံစားလိုက်ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now