အခုလည်း အိမ်တော်ကနေထွက်သွားတဲ့ အချိန်တိုလေးအတွင်းမှာ လူမဆန်တဲ့အရှိန်မျိုးနဲ့ စွမ်းအားတိုးတက်လာပြန်တယ်။ ဒီကိစ္စတွေကြောင့် ရင်းဆုယဲ့ရဲ့မူမမှန်မှုတွေကို ရင်းမင်တစ်ယောက် ပြန်လည်သတိရလာခဲ့တော့တယ်။

ရင်းဆုယဲ့ကို မနှစ်သက်ပေမယ့် ရတနာပစ္စည်းကိုတော့ လက်လွတ်ခံလို့မဖြစ်ဘူး..!

“ညလည်းမရောက်သေးပါဘူး.. တချို့လူတွေက ဘာလို့ စောစောစီးစီး အိပ်မက်မက်နေကြတာလဲ..?

ရင်းဆုယဲ့ရဲ့ လက်မောင်းကြားကနေ အသည်းအသန် ရုန်းထွက်လာခဲ့ရတဲ့ ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ကြောင့် ထွက်နေတဲ့ဒေါသကို တခြားလူတွေအပေါ် ပုံချလိုက်တော့တယ်။ ကျိန်းသေပေါက် ရင်းမင်က ရွှယ်ယို့ရှန်းရဲ့ပစ်မှတ်ပဲပေါ့။

ဘယ်သူက သူနားညည်းအောင် ပွစိပွစိပြောခိုင်းနေလို့လဲ..?

မသိရင်တော့ သူကပဲ မှန်ကန်နေသလိုလို..!

ရယ်ရတယ်.. ရင်းဆုယဲ့ကို အညံ့ခံစေချင်တာလား..?

ရင်းဆုယဲ့က ဘယ်လိုလူမျိုးမလို့လဲ..?

လူသားတွေရဲ့ထိပ်ဆုံးမှာ ရပ်တည်နေမယ့် အနာဂတ်လူသားဘုရင်ကွ..!

တခြားလူရှေ့မှာ ဦးညွတ်အညံ့ခံမယ့်အစား အသေခံသွားမယ့်၊ ကမ္ဘာကြီးတစ်ခုလုံးကို ဆန့်ကျင်ပြီး အမြဲတမ်းမော်ကြွားနေမယ့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကွ..!

အဲ့တာကို ရင်းမင်ဆိုတဲ့လူက ဟာသတွေလာပြောနေတာလား..? ဦးလေးကြီး.. ပြက်လုံးထုတ်ဖို့ ကြိုးစားနေတာလားဟင်..? ကိုယ့်ဟာသကိုယ် ပြန်သဘောကျနေတာလား..?

“မင်းက ဘယ်သူလဲ..?”

စိတ်ငြိမ်နေတဲ့ရင်းမင်က စကားတစ်ခွန်း၊ နှစ်ခွန်းလောက်နဲ့ ရန်စလို့ရတဲ့လူမျိုး မဟုတ်တော့ဘူး။ အစောပိုင်းအခြေအနေအရဆိုရင် ဒီကလေးရဲ့ အဆင့်အတန်းက သူထင်ထားတာထက် ပိုနိုင်တယ်။ အဲ့တာကြောင့် ရင်းဆုယဲ့က ကလေးကို ရင်ခွင်ထဲပိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ ဓားကိုင်ထားတာပဲ ဖြစ်ရမယ်။

“ကျွန်တော်က ကျွန်တော်ပဲပေါ့..!”

ရွှယ်ယို့ရှန်းက မာနထောင်လွှားနေတဲ့ မျက်နှာလေးနဲ့ ပြောင်ချော်ချော် ပြန်ဖြေလိုက်တယ်။ ဒီလိုမျိုးပြန်ဖြေနေရရင် ရွှယ်ယို့ရှန်းတို့ကတော့ ကျေနပ်နေရောပဲ။ လူတွေရှေ့မှာ သူ့ရဲ့မြင့်မြတ်သီးခြားဆန်တဲ့ ပုံရိပ်ကို ဒီလိုမျိုးဖော်ထုတ်ပြရမှာပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now