အခန်း(၁၁)

Start from the beginning
                                    

ကျွန်တော့်အတွင်းခံဘောင်းဘီအတွင်းမှ စိုစွတ်လာမှုကို ကျွန်တော်ခံစားခဲ့ရသည်။ သေချာပေါက် ထိုစိုစွတ်မှုက ရေမဟုတ်ဘူးဆိုတာလည်း ချက်ချင်းသိလိုက်သည်။ ညစ်ညမ်းလွန်းတဲ့ အရာဝတ္ထုနှစ်ခုပွတ်တိုက်ခြင်းက ကျွန်တော့်ထံမှ ရမ္မက်တို့ထုံမွှန်းသော အရည်တို့ထွက်လာစေခြင်းဖြစ်သည်။ ဒါက ယောက်ျားတစ်ယောက်ရဲ့ သူတို့စိတ်ဆန္ဒအပေါ် ကျေနပ်မှုမရှိကြောင်းကို ဖော်ပြနေတဲ့ သဘာဝအတိုင်းဖြစ်လာတဲ့ လက္ခဏာတွေပင်။

ရုတ်ချည်းဆိုသလိုပဲ ကြီးမားသောရှက်ရွံ့မှုခံစားချက်က ကျွန်တော့်ထံပြန်ပြီးရောက်ရှိလာသည်။ ကျွန်တော့်ပါးစပ်အတွင်းက စီးကျနေတဲ့တံတွေးရည်မှန်သမျှကို မျိုချပြီး အံကိုကြိတ်ကာသွားကိုစိထားလိုက်သည်။ ကျွန်တော့်စိတ်အတွင်း ဆင်ခြင်တုံတရားတစ်ချို့ရှိနေသေးတယ်ဆိုတာကို ခံစားမိပေမယ့် ရာဂအပေါ် တပ်မက်ခံစားဖို့အတွက် ခန္ဓာကိုယ်က အရှုံးပေးထားသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ဘယ်အချိန်ကလဲ ဆိုတာတောင် မသိနိုင်ဘဲ ကျွန်တော့်ခြေထောက်တွေက ကားထားလျှက်ဖြစ်သွားပြီး ထိုငါးအမြီးထံ မျှော့တစ်ကောင်လို တွယ်ကပ်နေခဲ့သည်။

ကျွန်တော့်ခန္ဓာကိုယ်လှုပ်ရှားမှုက အက်ဂ်ရေ့စ်နဲ့ စည်းချက်ကျနေတာကို သတိထားမိချိန် သူ့ရဲ့ဖောင်းကားပြီး တဖြည်းဖြည်းကြီးမားလာတဲ့ လိင်အင်္ဂါ၏ ပူလောင်နေသော ထိပ်ဖျားဖြင့် ကျွန်တော့်ပေါင်ခြံကြားကို ပြင်းပြင်းထန်ထန် တွန်းတိုက်နေတာကိုပါ သတိထားမိလာသည်။ အက်ဂ်ရေ့စ်က သူ့ရဲ့လက်တစ်ဖက်ကို အသုံးပြုပြီး ကျွန်တော့်ကိုယ်အပေါ်ပိုင်းကို ပွေ့ဖက်ထားကာ ကျန်တစ်ဖက်ဖြင့် ခါးထက်ရှိဘောင်းဘီကြယ်သီးကို ဖြုတ်နေသည်။ အခု ဘောင်းဘီမရှိတော့ပြီဖြစ်တဲ့ အောက်ပိုင်းကိုယ်ထည်က အေးစက်ကာ ချွဲကျိသော ငါးအမြီး၏ စိုစိုစွတ်စွတ်အရေးပြားနှင့် ထိတွေ့ခဲ့ပြီဖြစ်သည်။

ထိုစဉ် ဆက်၍ခံစားမိသည့် အေးစက်မှုတစ်ခု ... တိတိကျကျဆိုရသော် ခါးထက်သို့ တင်းကြပ်စွာ ဆုပ်ကိုင်လာသော အက်ဂ်ရေ့စ်၏ အေးစက်စက်လက်ချောင်းများကြောင့် ကျွန်တော့်ခန္ဓာကိုယ်က ချက်ချင်းပဲ တုန်တက်သွားခဲ့သည်။ ထို့နောက် ကျွန်တော့်ခန္ဓာကိုယ်က ရေသူထီးရဲ့ ပွေ့ဖက်မှုထဲ မနစ်မြှုပ်သွားခင် ငါးအမြီးက ကျွန်တော့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်ဘက်သို့ အလိုက်သင့်ဆွဲမလိုက်ပြီး သူ့ရဲ့ ပေါင်ခြံစပ်ကြား၌ ကျွန်တော့်အားခွလျက် အကျအနထိုင်စေခဲ့သည်။ အခု ကျွန်တော်ထိုင်နေရာ၏အောက်ဘက်ရှိ ကြီးမားကာ ချောနေသော လိင်အင်္ဂါက ကျွန်တော့်တင်ပါးနှစ်ခုကြားရှိ သေးငယ်သောအက်ကြောင်းနေရာအား တွန်းထိုးနေရာ ထင်သာမြင်သာဖြစ်ပြီး မာထန်နေသော ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းကပင် အက်ဂ်ရေ့စ်ရဲ့ ဝမ်းဗိုက်နှင့် ထိတွေ့နေခဲ့သည်။

Desharow's MermanWhere stories live. Discover now