'Sen.. Sensei.. ဘာ.. ဘာပြောချင်လို့လဲ'

ဆောင်နှင်းချို မျက်နှာလေးနီရဲကာ အသံတုန်တုန်လေးဖြင့် ပြောပြီး အိပ်ယာမှထလိုက်သည်။ ချစ်စရာကောင်မလေးက ထသွားမည်အပြုတွင် မြူ ထခွင့်မပေးပဲ ဆောင်းနှင်းချိုကို ဆွဲလှည့်လိုက်ပြီး သူမကအပေါ်မှ အုပ်မိုးထားလိုက်သည်။ ဆောင်းနှင်းချို လန့်သွားကာ သူမအပေါ်သို့ အုပ်မိုးကာ သူမကိုစူးစိုက်ကြည့်နေသော ဆရာမ မိုးသားမြူ၏ မျက်လုံးဒဏ်တို့ကို ရင်မဆိုင်ဝံ့သဖြင့် မျက်နှာလွှဲကာ...

'Sen.. Sensei'

'တို့ မင်းကို နမ်းလို့ရမလား'

သူမ နား,နားကပ်ကာ ပြောလိုက်သော ဆရာမ မိုးသားမြူအသံကြောင့် ဆောင်းနှင်းချို ရင်ခုန်သံတို့ အရှိန်မြင့်လာသည်။ မျက်နှာတစ်ခုလုံး ပူထူသွားကာ နားရွက်လေးတွေပါ ရဲလာသော ကောင်မလေးကိုကြည့်ရင်း မြူ ပြုံးလိုက်ကာ..

'တို့အတွက် အနမ်းဆိုတာ ပထမဆုံးအကြိမ်တော့ မဟုတ်တာ မင်းသိမှာပါ ဒါပေမယ့် အခု တို့.. မင်းကိုနမ်းချင်စိတ် ဖြစ်မိနေတယ် မင်းဘက်က ကြည်ဖြူပေးနိုင်မလား'

ဆံနွယ်ပျော့အိအိတို့က သူမမျက်နှာကို ကျီစယ်ထိတွေ့နေပြီး ညာဘက်မျက်လုံးအောက်ရှိ မှဲ့စိမ်းလေးနှင့် ညှို့ဓာတ်ပါနေသောအကြည့်တို့ကို ဆောင်းနှင်းချို အဘယ်မှာလွန်ဆန်နိုင်အံ့နည်း။

'ဟို.. ဟုတ်.. ရ.. ရပါတယ် Sensei.. သူ.. သူစိမ်းတွေမှ မ.. မဟုတ်တော့တာပဲ'

ထစ်ငေါ့နေသော စကားသံတို့ကို ပေါ်ထွက်စေသည့် ပွင့်ချပ်လွှာလေး၂ခုကို မြူ.. သူမနှုတ်ခမ်းဖြင့် ထိတွေ့လိုက်သည်။ ချိုမြိန်နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသည့် ခံစားမှုကို ​မြူ သိလိုက်ရသည်။ ဆောင်းနှင်းချိုအတွက် ပထမဆုံးအနမ်းဖြစ်သည်ကို သူမ၏တုန်ယင်နေသော ကိုယ်နှင့် မြူ့လက်မောင်းကို တင်းတင်းဆုပ်ထားသော လက်ကလေးများက သက်သေပြုနေသည်။ သူမဘဝတွင် ချစ်သူပေါင်းများစွာ ထားခဲ့ပြီး အနမ်းဆိုသည်မှာ အစိမ်းသပ်သပ်မဟုတ်သည့်တိုင် ယခုခံစားမှုကတော့ ထူးဆန်းသည်။ ထို့နောက် မြူ အားမလိုအားမရဖြစ်ကာ ဆောင်းနှင်းချို၏ ပျော့ပျောင်းသောလည်တိုင်ဆီသို့ သူမ၏အနမ်းတို့ကို နေရာပြောင်းပေးလိုက်ရာ...

My beloved sensei (Complete)Where stories live. Discover now