လက်ရှိအခြေအနေမှာ အေးအေးဆေးဆေး ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။

ရင်းဆုယဲ့ကို မြို့တော်တစ်ခုလုံးရဲ့ ရန်သူမဖြစ်စေချင်ရင် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး နောက်ဆုတ်ရတော့မှာပေါ့။ ဒါကို ဗျူဟာလို့ခေါ်တယ်၊ တကယ်ရှုံးနိမ့်သွားတာမဟုတ်ဘူး..!

ရွှယ်ယို့ရှန်းတစ်ယောက် အကြောင်းပြချက်ရှာလိုက်ပြီး ရင်းဆုယဲ့ကို အကြံပြုလိုက်တယ်။ သူ့ရဲ့လေသံအရ ရင်းဆုယဲ့ကို မေးလိုက်ပေမယ့် လုပ်ကိုလုပ်ရမယ်လို့ ပြောနေသလိုပါပဲ။

ရွှယ်ယို့ရှန်းရဲ့စိတ်ထဲမှာတော့ ရင်းဆုယဲ့သာ သူ့ရဲ့အကြံပြုချက်ကို ငြင်းပယ်ရဲရင် ဒီလိုမျိုးတွေလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ပထမဆုံးအဆင့် အော်ငိုပစ်မယ်၊ ဒုတိယအဆင့် ခြေထောက်ဆောင့်မယ်၊ တတိယအဆင့်ရောက်ရင်တော့ ကိုယ့်ကိုယ်ကိုပဲ သတ်သေပစ်လိုက်တော့မယ်..!

“အင်း..”

ကောင်လေးရဲ့အကြည့်က 'ငြင်းရဲငြင်းကြည့် ကိုက်ပစ်လိုက်မယ်' ဆိုတဲ့ပုံစံမျိုး ဖြစ်နေတော့ ရင်းဆုယဲ့လည်း အသာအယာ ခေါင်းညိတ်ပြလိုက်ရတယ်။

အခုမှ လက်စားချေဖို့ စတင်မှာဆိုတော့ အလောတကြီးလုပ်ဖို့ မလိုအပ်သေးဘူး။ ပြီးတော့ ကောင်လေးက သူ့ကို မလိုလားအပ်တဲ့အန္တရာယ်တွေ မကြုံတွေ့စေချင်ဘူးဆိုတော့ သူ့ရဲ့အစီအစဉ်ကို ပြောင်းရတော့မှာပေါ့။ အဓိကအရေးကြီးဆုံးအချက်က ကောင်လေးရဲ့ သူ့အပေါ်ဂရုစိုက်မှုတွေကို ငြင်းဆန်နိုင်ဖို့ခက်ခဲလွန်းတယ်။ လုံးဝမလွန်ဆန်နိုင်ဘူး..!

 “အခုမှထွက်သွားချင်နေတာလား..? မစဉ်းစားနဲ့တော့..!”

ထိုမြင်ကွင်းကိုကြည့်ပြီး ရင်းမင်က သူ့ရဲ့တပည့်တွေကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့တယ်။

ရင်းဆုယဲ့က ရှေ့တက်လာတဲ့လူတွေကို မျက်လုံးထဲတောင် မထည့်ခဲ့ဘူး။ မျက်လုံးမှေးစင်းလိုက်ပြီး တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေခဲ့တယ်။ သူမှတ်မိသလောက်ဆို ကောင်လေးက သွေးမြင်ရင်ကြောက်တတ်တယ်။ အဲ့တာကြောင့် ကောင်လေးရှေ့မှာ သူတို့ကို ပြဿနာရှာနေတဲ့ ဒီလူတွေကို ရှင်းပစ်လိုက်သင့်လား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now