"ဟာ ဟိတ်ကောင် မင်းကလေးလေးနဲ့ တစ်ဝိုင်းတည်းထိုင်နေတာ နေလင်းမဟုတ်လား။ ဟုတ်သားပဲ။ သူ့အိမ်က ဒီနားမှာကို ငါမေ့နေတာ"

နေမျိုးပြောမှ သီဟ့ဘေးက လူဆီကို အကြည့်ရောက်တယ်။ တကယ် နေလင်းဖြစ်နေတာပဲ...

"ဟိတ်ကောင်သူရ မင်းကလေးကိုခေါ်ဟ၊ တော်ကြာ နေလင်းက လျှောက်ပြောနေမှ ပြဿနာတွေတတ်နေမယ်"

"ဟမ်! ဘာလို့ပြဿနာတတ်..."

"ဟိုအကြောင်းလေကွာ... မင်းကလေးကို သွားပြောနေမှ ဒုက္ခရောက်မယ်"

"အဲ့ကိစ္စ သူသိတယ်ရယ်"

"ဟမ်... တကယ်ကြီးလား"

"အင်း။ ငါ ပြောပြထားတာ"

နေမျိုးက မယုံနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ကိုကြည့်တယ်။

"သြော်... ဟိုတစ်ခါ မင်းကောင်လေးပြောတဲ့ အကောင်တစ်ကောင်ဆိုတာက နေလင်းလား"

ကျွန်တော်နဲ့ နေမျိုးတို့ ပြောနေတာကို ကြားနေရတဲ့စည်သူက ဝင်မေးလိုက်ခြင်းဖြစ်တယ်။သူ့ရဲ့အမေးကို ဟုတ်တယ်ဆိုတဲ့သဘောနဲ့ ကျွန်တော်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တော့ နေမျိုးက အံ့သြတကြီးနဲ့ "စည်သူလည်း သိနေတာလား"တဲ့ ပြန်မေးတယ်။

"အင်း။ ဟိုတစ်ခါ ငါနဲ့ မိတ်ဆက်ပေးတုန်းက သီဟနိုင်က ပြောပြတာ"

"ဟမ်! အဲ့အကြောင်းကို သူများတွေကို ပြန်ပြောပြတယ်ဟုတ်လား"

"ဟုတ်ပါတယ်ဆို၊ သူပြောပြတုန်းကဆို ငါတောင်အံသြလို့။ ကျွန်တော်က ရည်းစားတစ်ခါမှမထားဖူးသေးလို့ လူပျိုစစ်ပေမဲ့ ခင်ဗျားသူငယ်ချင်းကတော့ အကောင်တစ်ကောင်နဲ့ အိပ်ဖူးတယ်တဲ့လေ"

"သူရစိုး... မင်းဟာလေးက ဘာလေးလဲကွာ"

စည်သူရဲ့အပြောစကားကြောင့် သီဟနိုင်ကိုကြည့်လို့ နေမျိုးက ခပ်တိုးတိုးရေရွတ်တယ်။

"သူက မညာတတ်လို့ပါကွာ။ ပြီးတော့ ပွင့်ပွင့်လင်းလင်းသမား။ စိတ်ထဲလည်း ဘာမှ ဝှက်မထားတတ်ဘူး"

"တကယ်ကြီးလား"

"အင်း"

"စိတ်ဝင်စားစရာပဲ။ သွား...သွား... မင်းဟာလေးကို သွားခေါ်ချေ။ စကားပြောကြည့်ရအောင်"

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now