"လေးနာရီခွဲလောက် ကိုယ်လေယာဉ်ပေါ်မှာလည်း အနားယူထားသေးတယ်" ဟု ကျိုးချင်းဟယ်သည် ဘာမှမဖြစ်သလို ဖြေလိုက်သည်။ ဒီလိုအလုပ်ချိန်မျိုးကို သူအသားကျနေတာ သိသာသည်။ "ပုံနေတဲ့အလုပ်တွေကို ဖြေရှင်းရမယ့်အချိန်ရောက်တော့မယ် ၉နာရီကျရင် ကိုယ်အစည်းအဝေးတစ်ခုရှိတယ်" 

ဒီအတွက် ဘော့စ်ကျိုးသည် ဘာမှမှားယွင်းနေတယ်လို့ မခံစားရပေ။ သို့ပေမယ့် တစ်ဖက်က ယန်ရှုယွီကတော့ ထိုကျောက်စိမ်းလို ကျော့ရှင်းသည့်မျက်နှာကိုကြည့်ပြီး ရင်ထဲနာကျင်သွားသည်။ သူ့လိုဆွဲဆောင်မှုရှိသည့်သူတစ်ယောက်အတွက် လုံလောက်အောင်အနားမယူနိုင်ခြင်းက အရမ်းကိုထိခိုက်နစ်နာစေသည်။ ဘော့စ်တစ်ယောက် အလုပ်တွေအရမ်းလုပ်လွန်းလို့ အရေးအကြောင်းတွေဖြစ်လာတာ၊ ဝက်ခြံတွေဖြစ်လာတာမျိုးတွေကို တွေးကြည့်လိုက်ရုံနှင့်ပင် နာကျင်ရသည်။ ဒီထက်ပိုဆိုးတာက နဖူးပြောင်လာတာနှင့် ဘီယာဗိုက်ထွက်လာခြင်းမျိုးတွေပင်။ "ရှင်ပိုပြီးအနားယူသင့်တယ်!" 

သူမအတွေးထဲတွင် ဘာတွေဖြစ်နေလဲဆိုတာ ဘော့စ်ကတော့ သေချာပေါက်မသိပေမယ့် သူမ၏အလွန်အကျူးတုံ့ပြန်ချက်ကို သူအရမ်းပဲသဘောကျသည်။ သူ့နှုတ်ခမ်းထောင့်တွေက ပင့်သွားပြီး မျက်နှာထက်တွင် အရမ်းသိမ်မွေ့ကြည့်ကောင်းသည့် အပြုံးတစ်ခုက ပေါ်လာသည်။ "ယန်ယန်" 

"ဟမ်?" ယန်ရှုယွီသည် ကြောင်တောင်တောင်ဖြင့် ပြန်ဖြေလိုက်သည်။ 

"တက်က်ဆက်မှာ နေထွက်လာတာကို မင်းမြင်ချင်လား?" 

"အင်း" ယန်ရှုယွီသည် ပြတ်သားစွာခေါင်းညိမ့်လိုက်သည်။ နေထွက်တာကိုမပြောနှင့် သူမ အရင်တုန်းက ယူအက်စ်က လကိုတောင် တစ်ခါမှမမြင်ဖူးပေ။ 

ကျိုးချင်းဟယ်သည် ကင်မရာကိုချိန်ညှိလိုက်တော့ မျက်နှာပြင်ကနေ ပျောက်သွားသည်။ ထိုအစား ကြမ်းကနေ မျက်နှာကြပ်ထိ အပြည့်ဖြစ်နေသော မှန်ပြတင်းက အစားထိုးဝင်လာသည်။ ကင်မရာသည် တဖြည်းဖြည်းမြင်ကွင်းကျယ်လာပြီး အရိပ်တစ်ချို့ထင်ဟပ်နေသည့်ကွင်းပြင်ကနေပြီး သိပ်မဝေးသည့်နေရာက ရေတံခွန်ဝိုင်းရှိနေသည့်ပလာဇာဆီသို့ ရွေ့သွားသည်။ နောက်တော့ သစ်ပင်တွေစိမ်းစိုအုံ့ဆိုင်းနေသည့်တောအုပ်ကြီးဖြစ်သွားသည်။ ကင်မရာက ဆက်ကာမြင့်သထက်မြင့်သွားပြီး တောင်၏ထိပ်နားသို့ ဖြည်းဖြည်းချင်းရောက်သွားသည်။ တောအုပ်နောက်ပိုင်းက ပန်းရောင်သန်းနေသည့်မနက်ခင်းတိမ်ဆိုင်တွေကို သူမဖြည်းဖြည်းချင်းမြင်လာရနိုင်ပြီး သူတို့အရောင်တွေက ပိုထင်ရှားတောက်ပလာသည်။ နောက်ဆုံးတော့ ကင်မရာသည် တောင်ထိပ်ကိုကျော်လွန်သွားပြီး သူမမြင်ကွင်းထဲတွင် နေတစ်ဝက်က ပေါ်ထွက်လာသည်။ 

ဇာတ္လိုက္၏ဗီလိန္မိေထြး | ဇာတ်လိုက်၏ဗီလိန်မိထွေး Book IIWhere stories live. Discover now