"အမှန်ပဲ" ကျင်းယွမ်က ချီးကျူးသည်။

"အဲ့ဒါကြောင့်လည်း Hidden Dragonsနဲ့ မိသားစုကြီးငါးခုလုံးက အချင်းချင်း စီးပွားရေးမှာ လက်ရှောင်ကြတယ်, သူတို့က သူတို့ဘာသာ သူတို့ စောင့်ရှောက်ကြတာ, တစ်ယောက်နဲ့တစ်ယောက် ရန်သူမဖွဲ့သလို အချင်းချင်း မိတ်ဖွဲ့တာလည်း လုပ်မှာမဟုတ်ဘူး, ကိုယ်တို့အားလုံးက တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖြစ်တည်မှုနဲ့ ယေဘုယျ လှှုပ်ရှားမှုတွေကို သိထားကြတယ်, အချင်းချင်းသာ မနှောင့်ယှက်သ၍ အရာအားလုံး အဆင်ပြေတယ်လေ"

ရိဟန်က ကျင်းယွမ်ရဲ့ ရှင်းပြချက်နောက် ခေါင်းတစ်ဆတ်ဆတ် ညိတ်သည်။ မိသားစုငါးခုက ဘယ်လောက်ပဲ ရည်မှန်းချက် ကြီးနေပါစေ မြေအောက်လောကသားတွေသာ မပါဝင်နေသ၍ Hidden Dragon ကနေ ဖြစ်ပျက်တာတွေကို လုံးဝဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က မြစ်ကမ်းရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူတွေပဲ။ သူတို့လုပ်သမျှက မီးလောင်နေတာတွေကို စောင့်ကြည့်မယ် ပြီးတော့ ထွက်လာမှာလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း သူ့အတိတ်ဘဝတုန်းက  Hidden Dragon အကြောင်းကို တစ်ခါမျှ မသိခဲ့တာပေါ့။

"ချင်ဖုန်းက အတော်လေး သနားဖို့ ကောင်းတာပဲနော်" ရိဟန်က သက်ပြင်းချသည်။

"သူ့မှာ အဖေရှိပေမယ့် မရှိသလိုပဲ, သူ့အမေ ဆုံးပါးပြီးတော့လည်း ဒီလိုသွေးထွက်သံယို ဘဝနဲ့ပဲ ဆက်ရှင်သန်နေရတယ်, ဒါပေမဲ့ သူအခု ထိပ်ဆုံး ရောက်နေပြီဆိုတော့ နဂါးခေါင်းဖြစ်သွားပြီပေါ့, ဘာလို့ ထိခိုက်ပြီး ဖန်းရီက ကယ်တင်ရတဲ့အထိ ဖြစ်သွားရတာလဲ?"

"အဲ့ဒါက အရင်တုန်းက ဖြစ်ခဲ့တာ" ကျင်းယွမ်က ဆက်ရှင်းပြပေးသည်။

"ချင်ဟိုင်ထျန်းက ကင်းခြေများလိုပဲ, ခေါင်းတစ်လုံးကို ဖြတ်လိုက်ရင် ကျန်တဲ့ ဦးနှောက်တွေက ဆက်လည်ပတ်နေတယ်, ချင်ဟိုင်းထျန်းရဲ့ သစ္စာစောင့်သိသူတွေက လက်စားခြေတဲ့အနေနဲ့ ချင်ဖုန်းတစ်ယောက်တည်း ရှိနေတုန်း အခွင့်အရေးကို သုံးပြီး လုပ်ကြံခဲ့ကြတယ်, ဒါပေမဲ့ တကယ်တော့ အဲ့ဒီအခွင့်အရေးကလည်း ဒီအတိုင်း ထောင်ချောက်တစ်ခုပါပဲ, ချင်ဖုန်းက သူ့ကိုယ်သူ ငါးစာလုပ်ပြီး သူတို့အားလုံးကိုသတ်ပစ်ခဲ့တာ, အဲ့ဒီတုန်းက ဖြစ်စဉ်မှာ ဒဏ်ရာရသွားခဲ့ပြီး အချိန်အတော်ကြာအောင် ပျောက်သွားခဲ့သေးတယ်, ကြည့်ရတာ အဲ့ဒီတုန်းက ဖန်းရီနဲ့အတူ ပြန်လည်ထူထောင်ရေး လုပ်နေတာဖြစ်လိမ့်မယ်"

(Completed) Reborn as a good childWhere stories live. Discover now