ရင်ထဲကဆောင်း

Start from the beginning
                                    

နှစ်အတော်အကြာထိ လူတစ်ယောက်ကိုမစွဲလမ်းဖူးခဲ့ပေမယ့်
မောင်ကတော့ ကျွန်မစွဲလမ်းခဲ့ရတဲ့ တစ်ဦးတည်းသောလူသားပါ
မောင့်ကို သဘောကျခဲ့တာ သုံးနှစ်နီးပါးကြာခဲ့ပေမယ့်
ကျွန်မရဲ့နေ့ရက်တွေကတော့ မောင်နဲ့ဘဲ အစပြုပြီး မောင်နဲ့ဘဲ အဆုံးသတ်ခဲ့တာပါ ။

(၄)

နန်းမိတ်ဆက်ပေးလို့ မောင်နဲ့ခင်မင်ခွင့်ရခဲ့တဲ့
အဲ့နေ့လေးက ကျွန်မရဲ့ ပျော်ရွှင်မှုတွေစတင်ရာနေ့လေးပေါ့
နောက်ရက်တွေမှာ မောင်တို့နဲ့အတူ ရွာဦးဘုန်းကြီးကျောင်းကိုလည်း အလည်သွားခဲ့တယ်
ညဘက်တွေဆိုရင်လည်း မီးဖို‌တွေဖိုပြီး မောင်တို့ကဂီတာတီးပြီး သီချင်းဆို၊ ကျွန်မတို့က မောင်တို့ဆိုတဲ့သီချင်းတွေကို နားထောင်၊ စကားတွေပြောကြ၊ပြီးတော့ ကြယ်တွေလည်းကြည့်ခဲ့ကြတယ်...။

ဒီဇင်ဘာလရဲ့ အအေးဓါတ်တောင် မောင့်ရဲ့အပြုံးတွေအောက်မှာ ကျရှုံးသွားခဲ့ပြီ ။
နေ့ခင်းဘက်ဆိုရင် မောင်တို့နဲ့အတူ ရွာစမ်းချောင်းလေးကိုလည်းသွားခဲ့‌တာ‌‌ပေါ့ ။လမ်းမှာတွေ့တဲ့ တောရိုင်းပန်းလေးတွေကိုတွေ့တော့ ကျွန်မတို့တွေ ဓါတ်ပုံတောင်ရိုက်ခဲ့ကြသေးတယ်။

စမ်းချောင်းလေးကိုရောက်တော့ စမ်းချောင်းလေးထဲမှာ မျှောနေတဲ့ ပန်းပွင့်လေးတွေကို ဆယ်ယူနေတဲ့ ကျွန်မကို မောင်အထူးအဆန်းကြည့်နေခဲ့တယ် ။ပြီးတော့ ဘာလို့ပန်းတွေကိုလိုက်ဆယ်နေတာလဲလို့ မေးခဲ့တယ် ။ ကျွန်မလည်း ဘာကြောင့်ပန်းတွေဆယ်ရတယ်ဆိုတာ မောင့်ကိုရှင်းပြခဲ့တယ်

"ဆရာလင်္ကာရည်ကျော်ရဲ့ တစ်ပွင့်ကျန် ဝတ္ထုထဲကလို စမ်းချောင်းလေးထဲမှာ ကျန်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ကို မဆယ်လိုက်ရလို့ နောင်တမရချင်ဘူးလို့ ပြောတော့"

မောင်က ကျွန်မကိုပြောတယ် "နင်ကအရမ်းစိတ်ကူးယဉ်ဆန်တာဘဲတဲ့"
ကျွန်မရယ်တော့ မောင်က ကျွန်မကိုကြောင်ကြည့်ပြီး "ဘာလို့ရယ်တာလဲတဲ့"
ကျွန်မတို့နှစ်ယောက် အဲ့နေ့ကစ‌ကားတွေဖောင်ဖွဲ့ပြီး ပြောဖြစ်ခဲ့ကြတယ်
ကျွန်မတို့ခင်မင်ခဲ့တဲ့ တစ်ပတ်အတွင်း မောင်နဲ့ကျွန်မသံယောဇဉ်တွေတိုးလာခဲ့ကြတယ်။

Short Poems Where stories live. Discover now