ကျောင်းပုံပြင်

Start from the beginning
                                    

ကျွန်မစာဖြေပြီးလို့ စာစစ်နေချိန် ကိုကိုက "ချာတိတ် correction Pen ခဏလောက်"ဆိုပြီး ကျွန်မဆီကနေ correction penငှားခဲ့တယ် ။ Correction penပေါ်မှာ‌ရေးထိုးထားတဲ့ ကျွန်မနာမည်အတိုကောက်လေးတွေကို ကိုကိုအတန်ကြာငေးမောကြည့်နေခဲ့တာကို ကျွန်မသတိပြုမိခဲ့တယ်။

ကျွန်မလည်းဖြေထားတာ စိတ်ကျေနပ်တဲ့အထိစစ်ပြီးတော့ စာမေးပွဲအခန်းထဲကနေထွက်ခဲ့တယ်။ကျွန်မရဲ့ correction penကတော့ ကိုကို့ဆီမှာ ။စာမေးပွဲဖြေနေတဲ့သူငယ်ချင်းတွေကို အခန်းရှေ့နားမှာပဲ ဆက်စောင့်နေတဲ့အချိန် ကိုကို ကျွန်မကိုcorrection penလာပေးခဲ့တယ် ။"ကျေးဇူးနော် ချာတိတ်။မင်းနာမည် ဘယ်လိုခေါ်လဲ"ဆိုပြီး ကျွန်မနာမည်ကို ကိုကိုမေးခဲ့တယ် ။"နာမည်လေးကလှသားပဲ၊လူနဲ့နာမည်နဲ့လိုက်တယ်"လို့ကိုကိုပြောတော့ ကျွန်မဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး လူသားဆိုပြီး ကိုယ့်ကိုကိုယ်ထင်မိခဲ့တယ်။

(၄)
သူငယ်ချင်းတွေရဲ့ ကိုကို့မှာရည်းစားမရှိဘူးဆိုတဲ့အကြောင်း၊မုန့်ဆိုင်မှာတွေ့ခဲ့တာက ကိုကို့အစ်မဝမ်းကွဲဖြစ်ကြောင်းပြောတဲ့အချိန်က စပြီး တစ်နေ့လုံးကျွန်မစိတ်ကြည်လင်နေခဲ့တယ် ။‌ကျောင်းမှာအဆင့်ကျတာတောင် သီချင်းဆိုနေတဲ့ကျွန်မကို သူငယ်ချင်းတွေက အံ့ဩနေခဲ့ကြတယ်။

အဲ့နေ့ကစပြီး  ကိုကိုက ကျွန်မရဲ့ပျော်ရွှင်မှု ဆိုတာ ကျွန်မသိလိုက်ရတယ် ။

ဒီဇင်ဘာကျောင်းပိတ်ရက်တွေ....

ကျောင်းပိတ်တဲ့အတွက် လမ်းထိပ်မှာ စာအုပ်အငှားဆိုင်ကိုသွားပြီး စာအုပ်ငှားပြီးအပြန် ကိုကို့ကို မထင်မှတ်ပဲတွေ့ခဲ့တယ်။ ကိုကိုကစက်ဘီးနဲ့ ကိုကို့အနောက်မှာတော့ ဆံပင်ကုပ်ဝဲနဲ့ကျွန်မတို့နဲ့ရွယ်တူ အရွယ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက် ။သူမရဲ့လက်တွေက ကိုကို့ခါးကို ဖက်တွယ်ထားတယ် ။

အိမ်ပြန်ရောက်တော့ အခန်းထဲဝင်ပြီး ရည်ရွယ်ချက်မရှိပဲ ငိုခဲ့မိတယ် ။ကိုယ်ပိုင်ဆိုင်တဲ့ အရာတစ်ခုကို သူတစ်ပါးရဲ့လုယူတာခံလိုက်ရတဲ့ ခံစားချက်မျိုးဖြစ်နေခဲ့တယ် ။

အခန်းထဲကမှန်ကိုကြည့်လိုက်တော့ ဆံပင်ကိုခပ်တိုတိုညှပ်ထားတဲ့ ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ဓာတ်တွေကျခဲ့တယ် ။မိန်းမမဆန်တဲ့ ကျွန်မပုံစံက ကိုကို့အတွက်တော့ ကလေးတစ်ယောက်ထက်မပို ။

Short Poems Where stories live. Discover now