ဒေါင်းဖြူက ပုချီကိုလှမ်းကြည့်လိုက်ပြီးနောက် သူ့အတောင်ကိုဖြန့်ကာ ပုချီကိုလှမ်းရွယ်လိုက်ပြီး
"မင်းမျက်နှာဖုံးကို အခုချက်ချင်းချွတ်လိုက်စမ်း"

"ဆရာ..ကျုပ်အပေါ် ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ရက်ရတာလဲဗျာ.."
ပုချီ အနောက်ခြံဝန်းထဲကို အမြန်ပျံသန်းသွားတော့သည်။

ရုန်ယိ နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားမျက်နှာဖုံးကိုမချွတ်နိုင်ဘူးဆိုတာ ကျွန်တော်တော့လုံးဝကိုမယုံဘူး"

"သခင်လေး!"
ထိုအချိန်မှာ အစေခံတစ်ယောက်က ပြေးဝင်လာသည်။
"သခင်လေး...ခေါင်းဆောင်ရုန်စုက အိမ်တော်အသစ်ကအကုန်ပြင်ဆင်ပြီးသွားပြီမလို့ ဘယ်အချိန်ပြောင်းရွှေ့မလဲလို့ သခင်လေးကိုမေးခိုင်းလိုက်ပါတယ်"

နေ့လည်ရောက်တော့မှာမလို့ ရုန်ယိကပြန်ပြောလိုက်သည်။
"အခုဘဲ ပြောင်းကြတာပေါ့"

အစေခံလေးမှာ အံ့အားသင့်သွားရ၏။
"ဒီလောက်အမြန်ကြီးလား...အရင်ဆုံး မင်္ဂလာရှိတဲ့အချိန်ကို ရွေးသင့်တာမဟုတ်ဘူးလား"

"မလိုဘူး..ငါ့အိမ်အသစ်က ဖုန်းရွှေအရမ်းကောင်းတယ်...ဘယ်အချိန်ပြောင်းပြောင်း ကိစ္စမရှိဘူး..မင်း သူတို့ကို ထုတ်ပိုးပြင်ဆင်ထားကြဖို့ သွားပြောလိုက်တော့..ငါတို့အခုချက်ချင်းပြောင်းကြမယ်"

"ဟုတ်ကဲ့ သခင်လေး"

ထို့နောက် ရုန်ယိ ရန်ချိုးရွှမ်ကိုတွေ့ဖို့ အနောက်ဘက်ခြံဝန်းထဲကိုသွားလိုက်သည်။

ရန်ချိုးရွှမ်က ယင်စန်စန်ကို သင်ပေးနေ၏။
"ဘွားဘွားလို့ခေါ်...ဘွား...ဘွား..."

ကြည့်ရတာ ယင်စန်စန်ကလည်း သူမကိုခေါ်ချင်နေတဲ့ပုံပေါ်သည်။ သူက ပါးစပ်လေးကိုဖွင့်လိုက်ပေမဲ့ အသံထွက်ကတော့မပီသေးချေ။
"ဘား.."

ရန်ချိုးရွှမ်ကတော့ သူခေါ်တာပီပီမပီပီ ဂရုမစိုက်ပေ။ သူက 'ဘား.'လို့ ပြောလိုက်မှတော့ ဒါက သူမကိုခေါ်တာဘဲလို့သာမှတ်ယူလိုက်တော့သည်။ ဒါကြောင့် သူမက ကလေးကိုမြှောက်ချီကာတစ်ပတ်လှည့်နေရင်းနဲ့
"စန်စန်လေးရေ...ကြည့်ပါဦး...ဖေဖေရောက်လာပြီ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें