*107* အဲ့လူကကျွန်တော်ဘဲ

Start from the beginning
                                    

ရုန်လင်းရှု ရောက်လာတာကြောင့်သာမဟုတ်ရင် သူတစ်ကယ်ဘဲ ရုန်ယိဆီကနေ နည်းနည်းလောက်ဆက်ပြီး သင်ယူချင်နေသေးသည်။

ရုန်ယိ သူ့နဖူးသူထိကိုင်လိုက်ပြီး
"သူ့အကြောင်းမပြောကြပါနဲ့!...သူသာ ကျွန်တော့်အရှေ့မှာရပ်နေခဲ့ရင် သူ့ကိုဂုတ်ချိုးသတ်ပစ်လိုက်မှာ.."

ကံကောင်းလို့ ဂိုဏ်းချုပ်က သူ့ရိုင်းစိုင်းတဲ့မပြုအမူတွေကို ဗွေမယူတဲ့အပြင် သူကလည်း မလေးမစားအပြုအမူတွေမလုပ်ရသေးတာဖြစ်သည်။ မဟုတ်ရင်တော့ သူဒီနေရာကနေ အကောင်းအတိုင်း လမ်းလျှောက်ပြီးပြန်ထွက်သွားနိုင်ပါ့မလားဆိုတာ ဘယ်သူမှပြောနိုင်မှာမဟုတ်ပေ။

ဂိုဏ်းချုပ်က ထိုပုချီဆိုတဲ့လူက သူ့မျက်နှာကိုသုံးပြီး ရုန်ယိကိုလှည့်စားလိုက်တာကို ခန့်မှန်းမိပေမဲ့ ထိုပုချီဆိုတဲ့သူကဘယ်သူဆိုတာနဲ့ သူကဘာလို့များ သူ့မျက်နှာကိုသုံးရဲရတဲ့အထိ သတ္တိတွေရှိနေရလဲဆိုတာ သူသိချင်နေမိတုန်းဖြစ်လေသည်။ ထိုလူက ဘာဆိုးရွားတဲ့ကိစ္စကိုမှမလုပ်ရသေးတာဘဲ တော်သေးသည်။ မဟုတ်ရင် သူ့ဆီမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲဆိုတာ သူမသိတော့ပေ။

ဟုတ်သားဘဲ....ရုန်ယိက ဆရာသခင်ယွမ်ရိလည်း ပုချီကိုသိတယ်လို့ပြောသွားသေးသည်။ သူနောက်မှဘဲ ဆရာသခင်ယွမ်ရိကိုသွားမေးကြည့်တော့မည်။

ရုန်လင်းရှုက သူတို့ကို အထူးတဆန်းနဲ့ကြည့်လာသည်။ သူမလာခင်က ဂိုဏ်းချုပ်နဲ့ ရုန်ယိကြားမှာ ဘာတွေများဖြစ်ပျက်သွားခဲ့တာလဲ....ဘာလို့များ ရုန်ယိကို အမြဲတမ်းသဘောမကျခဲ့တဲ့ ဂိုဏ်းချုပ်က ဒီတစ်ကြိမ် သူ့ကိုမတူညီစွာနဲ့ဆက်ဆံနေရတာလဲ...။

ဂိုဏ်းချုပ်က ရုန်ယိနဲ့ တော်တော်များများပြောဆိုပြီးသွားပြီဖြစ်တာကြောင့် သူအဓိကအချက်ကိုဘဲ တိုက်ရိုက်သွားလိုက်တော့သည်။
"ကျုပ်မင်းကို လူလွှတ်ပြီး ပြန်လာဖို့ပြောလိုက်တာက မင်းမှာ သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောပိုင်ဆိုင်တယ်လို့ကြားခဲ့ရလို့ဘဲ..ဒါကြောင့် အဲ့တာကို ဖြုန်းတီးသလိုမဖြစ်အောင် ဒီကိုပြန်လာပြီး ကျင့်ကြံဖို့မျှော်လင့်ခဲ့တာ...ဒါပေမဲ့ မင်းကိုဒီကိုပြန်လာဖို့ပြောရတဲ့ အဓိကအကြောင်းအရင်းက အထည်ဆိုင်က မွမ်းမံခြင်းအင်းကွက်တွေရဲ့နောက်ကွယ်ကလူကို မင်းသိမလားလို့မေးချင်လို့ဘဲ..အထည်ဆိုင်က သူဌေးလေးယောက်က မင်းသူငယ်ချင်းတွေလို့ ကြားထားတယ်..ဒါကြောင့် မင်းအဲ့လူကိုသိလား မေးချင်တာ.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now