*107* အဲ့လူကကျွန်တော်ဘဲ

Start from the beginning
                                    

သူ့ကို ဘာကအံ့အားအသင့်စေဆုံးလဲဆိုတော့ ကျုံးဟိုင်နယ်မြေရဲ့အကြီးဆုံးကျင့်ကြံရေးဂိုဏ်းကြီးက ဂိုဏ်းချုပ်ကသူ့ကို ဆရာတင်ထားတာကိုဘဲဖြစ်သည်။ သူနေ့တိုင်း မျက်နှာဖုံးကြီးဝတ်ထားတာ မထူးဆန်းတော့ဘူးဘဲ..။

ရုန်ယိ ထိုဂိုဏ်းချုပ်ကို အပေါ်ကနေအောက် အောက်ကနေအပေါ်ကို အစုန်အဆန်ကြည့်လိုက်ပြီးနောက် တစ်ခုခုမှားနေတာကိုတွေ့သွားရသည်။ ခုနကတုန်းက သူတို့နှစ်ယောက်ရဲ့ အရှိန်အဝါတွေကလုံးဝမတူညီကြတာကို သူသတိမပြုခဲ့မိပေ။ ပုချီက ဓားသမားတစ်ယောက်ရဲ့အရှိန်အဝါတွေရှိနေတဲ့အချိန်မှာ အရှေ့ကလူကတော့ ခေါင်းဆောင်တစ်ယောက်အဖြစ်မွေးဖွားလာသလိုမျိုး ခန့်ညားထည်ဝါတဲ့အရှိန်အဝါတစ်မျိုးရှိနေ၏။ ဒါကြောင့် သူတို့နှစ်ယောက်က လုံးဝကိုမတူညီတဲ့ လူနှစ်ယောက်ဖြစ်နေလေသည်။

ဒါပေမဲ့ ပုချီက ဘာလို့ ဂိုဏ်းချုပ်နဲ့တစ်ပုံစံတည်းတူနေရတာလဲ...ဒါမှမဟုတ် ပုချီက ရုပ်ပြောင်းရုပ်လွှဲနည်းလမ်းကိုသုံးပြီး သူ့ကိုလှည့်စားလိုက်တာများလား...။

ဂိုဏ်းချုပ်က ပြုံးပြီး ပေါ့ပေါ့ပါးပါးပြောလာသည်။
"ကျုပ်တို့ တစ်ခါတွေ့ဖူးပါတယ်..အဲ့အချိန်တုန်းကမင်းက ရှစ်နှစ်ဘဲရှိသေးတာလေ...ကျုပ်ကိုမမှတ်မိတာက ဖြစ်သင့်ပါတယ်..ကျုပ်က ပုချီဆိုတာ ဘယ်သူလဲဘဲ သိချင်တာပါ"

ရုန်ယိက ပုချီက မဟာယာနအဆင့်ကျင့်ကြံသူတစ်ယောက်လို့ သူ့ကိုပြောခဲ့သည်။ ဒီလောက်ကျင့်ကြံဆင့်မြင့်တဲ့သူက သူ့တပည့်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ..။ ဒါက သူ့သိချင်စိတ်ကိုပြင်းပြလာစေသည်။ သူ့ကိုအံ့သြစေတာက ဂိုဏ်းကိုအမြဲအရှက်ရစေခဲ့တဲ့ရုန်ယိက သူမသိတာတွေကိုတောင်မှ အများကြီး သိနေသေးသည်။ ဥပမာ သူတို့ဆွေးနွေးပြောဆိုခဲ့တဲ့ အစီအရင်တွေအကြောင်းပေါ့...ရုန်ယိက မတူညီတဲ့အင်းကွက်အမျိုးမျိုးကို ထည့်သွင်းပြီးတော့ အစီအရင်တွေကို အဆင့်မြင့်ပြီး ပိုအသုံးဝင်လာအောင် ပြုလုပ်နိုင်လေသည်။

အထူးသဖြင့်တော့ ခုနကရုန်ယိနဲ့ဆွေးနွေးပြောဆိုပြီးနောက် ရုန်ယိက သာမန် အသက်၁၈နှစ်လူငယ်လေးမဟုတ်ဘဲ မဟာယာနအဆင့်က ပညာရှိကြီးတစ်ဦးလို့တောင် သူခံစားလိုက်ရလေသည်။ ဘာကြောင့်လဲဆိုရင် သူသိထားသမျှကို ရုန်ယိကသိနေပေမဲ့လည်း ရုန်ယိသိထားသမျှကိုတော့ သူဘာမှမသိတဲ့အပြင် သူ့ကိုရုန်ယိရှင်းပြပေးဖို့တောင် လိုနေတာကြောင့်ဖြစ်လေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now